♥လွမ်းပျော်မွေ့♥

2.3K 92 3
                                    


ပန်းချီထူးနှင့်  နွေဦးရေ

    ဝါရွှေရွှေ  ဟောဟိုတောက

     ကြွေလွင့်သူ ရွက်နှင့်ရောလို့

   မှုန်ပြာရီ လေနယ်ကြောမှာ

  မျောပျောက်တော့မလား

ဖန်တီးရှင် .....

မြိုင်ယံတော

ဥဩကို တမန်စေလို့

လာချေပြီ  ကြော်ငြာစောပြီးမှ

ရောက်သောသည်ခါ ဝယ်တော့

ကျီစယ်လွန် ဘယ်သဘောပါလိမ့်

လောကကို လွမ်းရုံတန့်လို့

ခရီးဆန့်မြန်လှထင့် ....

နယ်လှည့်ပြတဲ့ ဖန်တီးရှင်ရယ်

ဥာဏ်ကြီး သင်ခြယ်သမျှ

ခင်တွယ်တာ ကိုယ်လေချစ်တာမို့

တစ်နှစ်ကြာ တည်နေပြပါလို့

မဖြစ်နိုင်ရာ  ဆန္ဒမစောပါဘူး

ဖြစ်နိုင်မှာ တစ်ခုပြောလို့ရဲ့

သဘောကတော့. ပြက္ခဒိန်

ပြပွဲချိန် သီသီခိုးလို့

ရက်တိုးမြှင့် ဖို့ တောင်းပန်ချင်

ပွဲစဉ်ပျက်မလား သင့်ခရီး....

မတားသာပါ....

သွားမှာကို ဘယ်သူတားနိုင်လိမ့်

သနားကာ တားချန်ဖြစ်တယ်ထင့်

ကျန်ရစ်မြေ နွေမဆိတ်ပါလား

နိမိတ်ပုံ တသီတသန်းရယ်နှင့်

စိတ်ဝိညာဉ် ပန်းချီခန်းမှာ

(နွေဦးရေ......)

လွမ်းပျော်မွေ့ကြီး ...

(ဆရာ) တက္ကသိုလ် ဘုန်းနိုင်
မျက်ရည်လောကများ၏ဟိုမှာဘက်
 


နှလုံးလွှာပြင်ထက်မှ စာမျက်နှာများTempat cerita menjadi hidup. Temukan sekarang