(Zawgyi)
Mr.Kim တညလုံး Yuchun လာပြောတဲ့ကိစ္စကို စဉ်းစားနေမိတယ်... Yuchun ကို ကိုယ့်သားအရင်းလို ချစ်တဲ့အတွက်ကြောင့် သူ့ကိုလဲပုံစံသွင်းကြည့်တာပါ... အမှန်ပြောရရင် Yuchun လိုလူမျိုးကို သာမန်ကောင်လေးတယောက်နဲ့ လက်ထပ်သွားမှာကိုလဲ မလိုလားတာပါတာပေါ့...
သားဖြစ်သူ Jaejoong ကလဲ ငယ်သေးတော့ Yuchun စောင့်ရှောက်ပေးမှဖြစ်မှာ... တကယ်လို့ Yuchun အိမ်ထောင်ပြုသွားရင် သူစိမ်းတွေဖြစ်သွားကြပြီလေ... လုပ်ငန်းတူချင်းစီးပွားပေါင်းလိုက်မှပဲ
သူတို့ဆက်ပတ်သတ်လို့ရမှာ....Yuchun ကတော့ သူ့ချစ်သူနဲ့လက်ထပ်ခွင့် မရတဲ့အတွက်ကျေနပ်ပုံမရ... နည်းနည်းလောက်ပြန်ချော့ပြီး နားချရင်တော့ ရကောင်းရသွားမှာပါ... အဲဒီ့အစား သူ့ကောင်လေးကိုပညာတော်သင် စေလွှတ်လိုက်ပြီး ဘွဲ့ရလာရင် လက်ထပ်ပေးမယ်ဆိုရင်ရော...??
Mr.Kim အမျိုးမျိုးစဉ်းစားရင်း Yuchun ရဲ့ အခန်းဆီသို့တရွေ့ရွေ့လျှောက်လာခဲ့တယ်.. ပုံမှန်ဆိုအိပ်ယာထစောတတ်တဲ့ Yuchun က ဒီတခါတော့နောက်ကျနေပြန်ပြီ... Yuchun ကိုနှိုးပြီး မနက်စာအတူတူစားပြီး စကားတွေဘာတွေ အေးဆေးပြောဦးမှလို့ Mr.Kim စိတ်ကူးလိုက်မိတယ်...
"Arjuma..!! Joongie ရော မနိုးသေးဘူးလား..?"
အိမ်အကူအဒေါ်ကြီးကို လှေကားထိပ်မှာတွေ့တော့ Mr.Kim သတိတရမေးလိုက်သေးတယ်... တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ Jaejoong က နိုးတဲ့အချိန်ပုံမှန်မရှိတတ်... အတန်းရှိရင်တော့စောနိုးတတ်ပြီး တခါတလေကျတော့လဲ တညလုံးစာလုပ်ပြီး နေမြင့်တဲ့အထိ အိပ်လေ့ရှိတယ်လေ...
"မတွေ့သေးဘူး ကြည့်ရတာမနိုးသေးတာထင်တယ်"
Mr.Kim လဲခေါင်းညိတ်လိုက်ပြီး အိမ်ပေါ်ထပ်ကိုတက်လာလိုက်တယ်... Yuchun နဲ့ Jaejoong ရဲ့အခန်းက အိမ်ပေါ်ထပ်မှာဖြစ်ပြီး Mr.Kim ကတော့ သူ့ဘာသာအောက်ထပ်မှာ တခန်းနေတာပါ..
"သားရေ Yuchun...!!!"
Mr.Kim တံခါးခေါက်ကာခေါ်ပေမယ့် အခန်းထဲကနေတုန့်ပြန်သံမကြား... ကြည့်ရတာအိပ်ပျော်နေသေးတာထင်တယ်.. တံခါးလက်ကိုင်ဖုကိုလှည့်ကြည့်တော့လဲ အလွယ်တကူပွင့်သွားတာကြောင့် Mr.Kim လဲ တွန်းဖွင့်လိုက်ကာ အခန်းထဲသို့ကြည့်လိုက်တယ်...
YOU ARE READING
REVENGE [Completed]
FanfictionLove is Dangerous bcoz u have to choose Someone u know is going to be Good to u and Treat u with Respect. If u choose the Wrong Person then it will Break ur Heart. (ZAWGYI + UNICODE)