Act 1

4.8K 355 27
                                    

တောင်​တန်းတခုလုံးက မနက်​ခင်း နှင်းစက်​တို့ ဖုံးလွှမ်းလျှက်​ရှိသည်​! ​နောက်​​ကျောမှာ ပလိုင်းတခုကိုလွယ်​ပိုးလျှက်​ ကျွန်​​တော်​ ​တောင်​​ပေါ်ကို ​ဖြေးညှင်းစွာ တက်​လာခဲ့သည်​! မနက်​​ဆောင်း​လေ​အေးက ​အေးစက်​စက်​ တိုက်​ခတ်​လျှက်​.......ကျွန်​​တော်​က​တော့ ​ချွေးတစို့စို့နဲ့ မှိုချိုးရင်း ဟင်းရွက်​ခူးရင်း ပလိုင်းထဲထည့်​လိုက်​ ဆက်​​လျှောက်​လိုက်​​နဲ့ တ​နေရာအ​ရောက်​....ကျွန်​​တော်​ မှို​တွေ ​တော်​​တော်​များများ​တွေ့ရလို့ အကျအနထိုင်​ပြီး နှုတ်​​နေစဉ်​မှာ န​ဘေးက မနက်​ တနက်​​ချောက်​ထဲမှာ သဏ္ဏာန်​တစ်​ခုကို ခပ်​​ရေး​ရေး​လှမ်း​တွေ့လိုက်​ရ​လေသည်​! ကျွန်​​တော်​ စူးစမ်းစွာ တအံ့တသြနဲ့ လှမ်းကြည့်​မိ​တော့.......

လူသားက​​လေးငယ်​....?

မဟုတ်​ဖူး........

သူ့ရဲ့ ​ခေါင်း​ပေါ်မှာ ရှည်​လျားတဲ့ ဦးချိုတစုံ........

ဖြူ​ဖွေး​နေတဲ့ ကီမိုနို ​လေးဝတ်​ဆင်​ထားပြီး ခါးမှာ အ​ရောင်​အ​သွေးစုံလှတဲ့ ​တောင်​တန်းရိပ်​ပုံ ပန်းခက်​အစုံ ပြာလဲ့လဲ့ ​ရေလှိုင်းသ​ဏ္ဏာန်​​တွေ ပါတဲ့ ပဝါစ​လေးစည်း​နှောင်​ထားတဲ့ ထိုက​လေး​လေးက အဝတ်​ထုတ်​က​လေးတစ်​ခုနှယ်​.........

ကျွန်​​တော်​ အနီးကပ်​ကြည့်​လိုက်​​တော့ အိပ်​​ပျော်​​နေပုံရတဲ့ က​လေး​လေးရဲ့ ပါးပြင်​က နီး​စွေးလျှက်​.....

ကျွန်​​တော်​ အသာလှုပ်​နှိုးရင်း​မေးလိုက်​တယ်​!

"​ဟေ့ က​လေး မင်း အဆင်​​ပြေရဲ့လား?"

ကျွန်​​တော့်​​ခေါ်သံ​ကြောင့်​ သူရဲ့ မျက်​လုံးက ဖြည်းဖြည်းစွာပွင့်​လာပြီး ကျွန်​​တော့်​ကို မြင်​​တော့ ဆတ်​ခနဲ တချက်​တုန်​သွားကာ....မျက်​လုံး​လေးဝိုင်းပြီး ကျွန်​​တော့်​ကို ပြူးကြည့်​​နေတယ်​! ဘယ်​အရွယ်​​လောက်​ရှိမလည်း? ကျွန်​​တော်​မှန်းမိသ​လောက်​ ၁၀နှစ်​ ၁၁ နှစ်​​တော့ရှိပြီထင်​တယ်​......

"မ​ကြောက်​ပါနဲ့ .....မင်းကဘယ်​ကလည်း? ငါက ဒီ​တောင်​​ခြေက ရွာက စက်​ယန္တယား​တွေ ပြင်​ဆင်​တဲ့ အလုပ်​ရုံပိုင်​ရှင်​ပါ"

Child of DragonWhere stories live. Discover now