မနက်စောစောမြူတို့က တောင်တန်းတလျှောက် ရစ်သိုင်းလျှက်.....
ရွာလေးကတော့ တိတ်ဆိတ်နေရာက တဖြည်းဖြည်း နိုးထလို့လာတယ်! Luhan လေးကတော့ ရေပိုက်တစ်ခုဆွဲပြီး အိမ်ရှေ့မှာ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို ရေလောင်းနေလေသည်!
"ဟိတ်!!! မင်းက ဒီ ထူးဆန်းထွေလာ နေရာကို အသစ်ရောက်လာတယ်ဆိုတဲ့ ကောင်လေးလား?"
အသံလာရာဆီ Luhan မော့ကြည့်လိုက်တော့ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ ရွယ်တူကောင်လေးတစ်ယောက်က ခါးထောက်ပြီး အော်ပြောနေသည်!
"ထူးဆန်းထွေလာ?????"
Luhan က ရေပိုက်ကိုင်ရင်း ကောင်လေးပြောတဲ့ ထူးဆန်းထွေလာ ဆိုသောစကားကို အထူးအဆန်းဖြစ်နေလေသည်!
"ထူးဆန်းတဲ့ စမ်းသပ်မှုတွေပဲ လုပ်ပြီး သံသယဖြစ်စရာလူ လို့ အဖိုးကပြောတယ်လေ"
ဘာကြောင့်မှန်းမသိ ထိုကောင်လေးရဲ့ လေသံကျယ်ကျယ်နဲ့ Papa အကြောင်းကို ပြောနေတာကို Luhan မကျေမနပ်ဖြစ်ပြီး လက်သီးလေးဆုတ်ကာ ပြန်အော်လိုက်သည်!
"Papa က ထူးဆန်းထွေလာ မဟုတ်ဖူး!!!!!!!"
"ဟက်.....ဟုတ်တယ် သူက ထူးဆန်းထွေလာ လူပဲ အင်း မင်းလည်း အဲ့လိုပဲလေ အဲ့ဒါကြောင့် ခေါင်းမှာ ချိုပေါက်နေ.....အ"
နောက်ကရောက်လာတဲ့ Yixing က ကောင်လေးခေါင်းကို ခေါက်လိုက်မှ ထိုကောင်လေးစကားသံ ရပ်သွားလေသည်! Yixing က စကားများတဲ့ ကောင်လေးခေါက်ခဲ့ပြီး အိမ်ပေါ်တက်သွားတယ်! ကောင်လေးကတော့ ငုတ်တုတ်လေးထိုင်ပြီး နာသွားတဲ့ သူ့ခေါင်းကို လက်တွေနဲ့ ပွတ်သတ်နေသည်! Luhan က လက်ထဲကရေပိုက်ကိုပစ်ချပြီး ကောင်လေးနားသွားကာ မေးမြန်းနေသေးတယ်!
"မင်း......မင်း အဆင်ပြေရဲ့လား? နာသွားလား?"
"အိ....နာတယ်"

YOU ARE READING
Child of Dragon
Fanfiction*adaptation* This fic is adaptation of my fav: manga "Tatsu no Otoshigo " by Ike Reibun sensei ©to sensei Please enjoy mina ^ ^