Act 4

2.6K 286 30
                                    

မနက်​ ......

ကျေးငှက်​တို့ စိုးစိုးစီစီ......

ကျွန်​​တော်​လည်း စက်​ပြင်​စရာ​တွေနဲ့ အလုပ်​များ​နေတယ်​!

"Luhan ငါ့ကို plug adapter ​လေးယူ​ပေးစမ်းပါ!"

"အာ....ဟုတ်​! Papa!!"

Luhan က မျက်​နှာမှာ အခုချိန်​ထိ ချိတ်​ဆွဲထားဆဲ အပြုံးချိုချိုနဲ့ သွက်​လက်​စွာ ကျွန်​​တော်​ ခိုင်းတာ​တွေကို လုပ်​​ပေး​နေတယ်​!

အိမ်​ကို ​စော​စောစီးစီး​ရောက်​​နေကာ ​ရေ​နွေးကြမ်းထိုင်​​သောက်​ရင်း ကျွန်​​တော်​တို့ကိုကြည့်​​နေတဲ့ Yixing ဆီက မှတ်​ချက်​တစ်​ခုထွက်​လာ​လေသည်​!

"မင်း ​နောက်​ဆုံး​တော့ ပတ်​သတ်​မိပြီမဟုတ်​လား?"

Yixing စကား​ကြောင့်​ ကျွန်​​တော်​ ​ကျောချမ်းသွားတယ်​!

"ဘာ....ဘယ်​သူလည်း? ဘာကိုလည်း?"

Yixingရဲ့ ​မေးခွန်းကို ကျွန်​​တော်​မူမပျက်​​အောင်​ အတတ်​နိုင်​ဆုံး ထိန်းပြီး ပြန်​​ဖြေလိုက်​တယ်​!

"အဲ့ဒီ့ နာကျင်​စရာ​ကောင်းတဲ့ ချီးကျူးချင်​စရာ လှည့်​ဖျားဖို့ ကြိုးစားအားထုတ်​မှုတစ်​ခု​လေ......"

Yixing က အခန်းထဲ​ပြေးဝင်​သွားတဲ့ Luhan ​ကျောပြင်​ကိုကြည့်​ကာ ​ဆက်​​ပြော​နေသည်​! ​ကျော​ပေးထားတဲ့ Yifan ကို ကြည့်​လိုက်​​တော့ အနက်​​ရောင်​ဆံနွယ်​​တွေကြားက ထိုးထွက်​​နေတဲ့ နားရွက်​​တွေရဲ​နေတယ်​!

**အာ....Yifan နားရွက်​​တွေ ရဲ​နေတာ ..... မဟုတ်​မှလွဲ​ရော ဒါ အချစ်​​ကြောင့်​လား??**

"အခု Luhan မျက်​နှာအမူအရာက မင်းကို မထိန်းချုပ်​နိုင်​ပဲ ချစ်​မိ​နေပြီ လို့​ပြောပြ​နေတဲ့ ပုံစံမျိုး ဖြစ်​​နေသလားလို့"

"သူက က​လေးပဲ ရှိပါ​သေးတယ်​ကွာ~"

Yifan ရဲ့ သက်​ပြင်းချသံ သဲ့သဲ့ပါတဲ့ စကားတစ်​ခွန်း​ရဲ့ ​နောက်​ကွယ်​မှာ မျိုသိပ်​ထားတဲ့ ခံစားချက်​တစ်​ခုပါသည်​!

*******************************************************************

ဖျား​ယောင်း​သွေး​ဆောင်​မှု........

Child of DragonWhere stories live. Discover now