Act 6

2.2K 258 20
                                    

Yifan တစ်​​ယောက်​ ​​နေပူပူမှာ ချွေးတလုံးလုံးနဲ့ စိုက်​ခင်းထဲ ​ရေဖျန်းတဲ့ ကိရိယာကို ပြင်​ဆင်​​နေတယ်​!​ ပူပြင်းလွန်းတာ​ကြောင့်​ ကီမိုနိုကို ခန္ဓာကိုယ်​အ​ပေါ်ပိုင်းတဝက်​ချွတ်​ထားတဲ့ Yifan ရဲ့ ​ယောကျာ်းပီသမှုက ​နေ​ရောင်​​အောက်​မှာ အထင်းသား​ပေါ်လွင်​လျက်​ရှိသည်​!

"ဘယ်​လိုလည်း mechanic ကြီး ပြင်​လို့ရရဲ့လား?"

"အထဲမှာ ရွှံ့​တွေနဲ့ ပိတ်​​နေတာဗျ......ဒီဟာမျိုးက နှစ်​ဝက်​​လောက်​တခါ ပြုပြင်​ထိန်းသိမ်းမှု​တွေလုပ်​သင့်​တယ်​ အဖိုးရဲ့"

"​အော်​ အဲသလိုလား ​အေး​အေး....​သြော်​ မင်း​ချွေး​တွေသုတ်​ဖို့ တခုခုသွားယူလိုက်​အုံးမယ်​!"

စိုက်​ခင်းပိုင်​ရှင်​ အဖိုးက ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ ​ပြောရင်း အိမ်​အတွင်းကိုဝင်​သွား​လေသည်​!

ကျွန်​​တော်​ နဖူးက ​ချွေးတချို့ကို သုတ်​လိုက်​ရင်း အာရုံထဲမှာ ကီမိုနို​လေး ​လျှော့ရဲရဲ နဲ့ ​"​Papa ...Luhan ကို ​ပွေ့ဖက်​ပါလားဟင်​?" လို့​ပြော​နေတဲ့ Luhan မျက်​နှာကို မြင်​​ယောင်​လာပြန်​တယ်​!

"ငါ​တော့ ဒီကိစ္စဘယ်​လိုလုပ်​ရပါ့မလည်း? ငါကိုယ်​တိုင်​လည်း ဒီထက်​ကြာကြာ ဆက်​ထိန်းမထားနိုင်​​တော့ဘူး.....*tsk* ငါ ဟို​မြေ​ခွေး​တွေကို တနည်းနည်းနဲ့​တော့ ​မောင်းထုတ်​ရမယ်​"

Yifan တစ်​​ယောက်​ အကြံအိုက်​​နေစဉ်​မှာပဲ........

"အို......ဒါ mechanic ကြီး Yifan လားလို့?"

အသံလာရာဆီ Yifan လှည့်​ကြည့်​လိုက်​​တော့....ကိုယ်​လုံးကိုယ်​​ပေါက်​လှပ ​ကျော့ရှင်းတဲ့ အသားညိုညို မိန်းမပျို​လေးတစ်​​ယောက်​ကို​တွေ့ရ​လေသည်​! ထို မိန်းမပျို​လေးက မျက်​နှာမှာ အပြုံးချိုချို​လေးတစ်​ခုနဲ့ အတူ Yifan အနားကို တိုးကပ်​လို့လာတယ်​!

"မ​တွေ့ရတာကြာပြီ​နော်​~"

"အဲဟို......စိတ်​​တော့မရှိပါနဲ့ ဘယ်​သူလည်း မသိဘူး? ကျွန်​​တော့်​နဲ့ အသိမိတ်​​ဆွေ​တွေလား?"

"အို......ရှင်​ရယ်​....ရှင်​သိပ်​လွန်​တာပဲ...ကျွန်​မကို​မေ့သွားရတယ်​လို့...ကျွန်​​မတို့ သာယာဆွတ်​ပျံ့ ကြည်​နူးစရာ​ကောင်းတဲ့ ည​လေးတည ပိုင်​ဆိုင်​ခဲ့ကြဖူးတယ်​​လေ"

Child of DragonWhere stories live. Discover now