17/5/1

9 1 0
                                    

Ge ရေ ဒီညတော့ ကျွန်မပြောချင်တာလေးတွေ နားထောင်ပေးမယ်မလားဟင်??????
ကျွန်မ တကယ်ဆိုးတယ်နော် Ge။ကျွန်မအနားမှာရှိနေတဲ့
ကျွန်မချစ်တဲ့သူတွေကို ဒဏ်ရာတွေပဲပေးမိနေတယ် Ge။
ကျွန်မက တကယ့်ကိုမကောင်းတဲ့သူပဲနော်။ကျွန်မ တစုံတခုကို လက်လွှတ်ခဲ့တယ် Ge။ဒါပေမဲ့ သူတို့အမြင်မှာတော့ ကျွန်မက လွယ်လွယ်နဲ့လက်လျှော့
တတ်တဲ့သူတယောက်ဖြစ်သွားပြီ Ge။သူတို့သိနိုင်ပါ့မလား??? ဒီဆုံးဖြတ်ချက်ကိုချဖို့
ကျွန်မ ညလုံးပေါက်ထိုင်စဉ်းစားရင်း မိုးစင်စင်လင်းခဲ့ရတဲ့ရက်တွေရှိခဲ့တယ်ဆိုတာကို။
သူတို့သိနိုင်ပါ့မလား Ge ရယ်?????
မျက်လုံးပေါက်ထွက်မတတ် ကျခဲ့ရတဲ့မျက်ရည်တွေ
ရေပန်းအောက်ထိုင်ရင်း ရေကျသံနဲ့အတူ အော်ငိုရင်း
အကြိမ်ကြိမ် အခါခါ တောင်းပန်နေခဲ့တာတွေကို။
ကျွန်မ လက်မလျှော့ချင်ခဲ့ဘူး Ge ရယ်။တကယ့်ကို
လက်မလျှော့ချင်ခဲ့ဘူး။ကျွန်မ လက်မလျှော့ချင်လွန်းလို့
ကြိုးစားမိပြန်တော့လဲ နင်းချေခံလိုက်ရတဲ့ ကျွန်မသိက္ခာတွေ တစစီဖျက်ဆီးခံလိုက်ရတဲ့ ကျွန်မရဲ့ခပ်စုတ်စုတ်မာနတွေ။ကျွန်မ နောက်ထပ်တကြိမ်
ထပ်ပြိုလဲခဲ့တာတွေကိုရော သူတို့သိနိုင်ပါ့မလား Ge ရယ်။
စိတ်ထဲသိပ်ကိုပင်ပန်းလွန်းလို့ လက်လွှတ်ဖို့ဆုံးဖြတ်ချက်ချခဲ့ရတဲ့ အချိန်တခုက ကျွန်မ့အတွက် ငရဲခန်းတခုပဲ Ge။ကျွန်မ ထပ်မငိုချင်တော့ဘူး Ge။ပွဲအကြောင်းကြားတိုင်း စိတ်မဝင်စားတဲ့ပုံနဲ့ မျက်နှာပေါ်အပြုံးတင်ရင်း နောင်တရမိတဲ့အခြေအနေမျိုး ကျွန်မ ထပ်မကြုံချင်တော့ဘူး Ge။ကျွန်မ အားလုံးကို စွန့်လွှတ်ဖို့များ အချိန်ကျနေပြီလားမသိဘူးနော် Ge??????

Just My FeelingsWhere stories live. Discover now