ဒီရက်ပိုင်းအတွင်း ကိစ္စတစ်ခုကြောင့် တော်တော်ကိုစိတ်ရှုပ်နေခဲ့တယ်။အလုပ်မရှိသေးတဲ့ကိုယ်
ရဲ့တနေ့တာအချိန်တော်တော်များများကို ဒီကိစ္စလေးတစ်ခုအတွက်နဲ့ ကုန်ဆုံးစေခဲ့မိတယ်။
ဒီကိစ္စတစ်ခုအတွက်နဲ့ ငိုခဲ့မိတာလဲနေ့စဉ်ရက်ဆက်။
ဒီကိစ္စတစ်ခုအတွက်နဲ့ပဲ ကိုယ့်မာန ကိုယ့်သိက္ခာနင်းချေ
ခံခဲ့ရပြန်တယ်။တော်ပြီ စိတ်ကုန်သွားပြီ လက်လွှတ်လိုက်တော့မယ် ဆိုတဲ့စကားလုံးတော်တော်များများသုံးပြီး ကိုယ့်ကိုယ်ကို လိမ်ညာမိနေရင်းနဲ့ပဲ စိတ်ကလဲမပြတ်သားနိုင်ခဲ့ဘူး။
ဒါပေမဲ့ ကျွန်မ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခုကို
ချရတော့မယ်။လုပ်သင့်လုပ်ထိုက်တဲ့အဖြေတစ်ခုကလဲ
အဆင်သင့်ရှိနေခဲ့ပြီးသားပဲလေ။ကျွန်မကိုယ်တိုင်လဲ
ဒီကိစ္စလေးတစ်ခုအတွက်နဲ့ ကျွန်မကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလိုက်ရတဲ့အခြေအနေကိုမနှစ်မြို့တော့ဘူး။
လက်လွှတ်သင့်တာကိုလွှတ်ပြီး ကျွန်မရဲ့ဘဝအတွက်
ရှေ့ဆက်ရအုံးမယ်။ဒီညတော့ ကျွန်မ့ခေါင်းအုံးလေး မျက်ရည်တွေရွှဲရအုံးမှာပေါ့လေ။ဒီတညပါပဲလေ။နောက်ဆုံးအကြိမ်အနေနဲ့ နောင်တတွေနဲ့အတူ နာကျင်မှုတွေနဲ့အတူ
ငိုပါရစေ။