အပိုင်း { ၄ }

387 56 4
                                    

~•~~•~
Winter Story
~•~ ~•~

~ 4 ~

တိတ်ဆိတ်သောညတွင် တိုးတိတ်သောဆီးနှင်းကျသံကအစ ကြားနေရသည်။ တိမ်ကင်းသောကောင်းကင်ထက်တွင် တောက်ပသောကြယ်များက ဖြန့်ကျဲထားသလိုပင်။ ထပ်ခိုးခန်းရှိ အကြီးဆုံးပြတင်းပေါက်တွင်ထိုင်နေသော လုဟန်သည် မနက်ကမင်ဆော့နှင့်ပြောခဲ့သော အကြောင်းအရာများအား ပြန်လည်စဉ်းစားနေမိသည်။ မင်ဆော့ဟာ မှော်ဝန်တောဆိုတာတကယ်ရှိသည်ဟု ထင်နေသည်။ မင်ဆော့မှာမည်သို့သောရည်ရွယ်ချက်ရှိသည်လဲ လုဟန်မသိပါ။ ငယ်ငယ်ကတွေ့ဖူးသည့် သမင်ငယ်အား မင်ဆော့မေ့မသွားခဲ့။ လုဟန်သည်ပျော်ရမည်လား ခံပျင်းရမည်လားမသိ။ မင်ဆော့ဟာ ဤနေရာသို့ရောက်လာခဲ့သည်မှာ စူးစမ်းချင်စိတ်ကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ရွှေသမင်ငယ်ကိုပြန်လာရှာခြင်းလည်း ဖြစ်နိုင်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ... ပြန်လာတဲ့အတွက်ကျေးဇူးတင်ပါတယ် မင်ဆော့လေး "

လုဟန်သည် ကောင်းကင်ထက်မော့ကြည့်ရင်း လက်ထဲရှိ ငွေရောင်ခေါင်းလောင်းလေးအား တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။

" အယ် ! "

တလျှပ်လျှပ်ခြေသံကြောင့် လုဟန်ဟာ မင်ဆော့ အနောက်မှာရောက်နေမှန်းသိသည်။ သို့သော် မင်ဆော့အတွက် လုဟန်ထိုင်နေသည်ကိုမမြင်မိသည်မို့ လန့်သွားပုံရသည်။ အိပ်မရသည့်အတူတူ မင်ဆော့ဟာ မေမေ့ရဲ့မီးမလောင်ပဲကျန်ခဲ့သည့် စာအုပ်တချို့ကို လှန်လှောရှာဖွေရင်း အသုံးဝင်နိုင်သည့်စာအုပ်များအား အေးအေးဆေးဆေးဖတ်ရန် ထပ်ခိုးအခန်းသို့တတ်လာခြင်းဖြစ်သည်။

" ဆောရီး ... မင်းရှိနေတာမသိလို့ "

" လာ ထိုင်ပါ "

ထွက်သွားဖို့ပြင်နေသော မင်ဆော့အား လုဟန်လှမ်းခေါ်လိုက်ကာ ထိုင်ရန်နဘေးသို့ရွေ့ပေးလိုက်သည်။ လက်ထဲမှစာအုပ်အား ရင်ခွင်၌ပွေ့ပီး မင်ဆော့သည် လုဟန်ဖယ်ပေးသော နေရာသို့ဝင်ထိုင်လိုက်သည်။ ညသည်တိတ်ဆိတ်လျှက်။ ရှူထုတ်သည့်လေထုသည် အခိုးအငွေ့ပြောင်းသည်အထိ ချမ်းစိမ့်လို့နေသည်။ ကြယ်စင်တို့နှင့်အပြိုင် သုံးရက်လသည် အမှောင်ထုအား ခပ်မှိန်မှိန်လင်းစေသည်။

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now