အပိုင်း { ၆ }

337 47 2
                                    

~•~ ~•~
Winter Story
~•~ ~•~

~ 6 ~

မှောင်နေသောတောအုပ်တွင်း လမီးအိမ်ဟာ ထွန်းလင်းလို့နေသည်။ မင်ဆော့သည် ထူထဲသောနှင်းထုကြား ပြေးလွှားနေ၏။ ပတ်ဝန်ကျင်ဟာ ထူးထူးဆန်းဆန်း ဆူညံနေသည်။ ဥာဥ့်ငှက်တို့ရဲ့ အော်ဟစ်သံရယ် တောကောင်တွေရဲ့ ဆူညံသံဟာ ပတ်ဝန်းကျင်မှာ လှိုင်းထန်နေသည်။ တချက်တချက် နားကြားမှားမိသည်ဟု ထင်ရသော စက်ယန္တရားတို့၏ အသံကိုလည်းကြားလို့နေသည်။ မော်နီတာဟာ တိရစ္ဆာန်တကောင်တွေ့လို့မဟုတ်ပဲ တောရဲ့ပြောင်းလဲမှုကြောင့် အချက်ပေးသံမြည်လာတယ်ဆိုတာကို မင်ဆော့နားလည်လာသည်။ အုန်းခနဲ တစုံတခုလဲကျသံဟာ တောကြီးထဲမှ ဟိန်းထွက်လာသည်။ ထို့အတူ နင်းလျှောက်သော မြေကြီးသည်လည်း တုန်ခါလို့သွား၏။ နှင်းပွင့်တို့သည် ကောင်းကင်ထက်ဝေလာသည်။ မှုတ်ထုတ်လိုက်သော လေထုသည် အခိုးအငွေ့အဖြစ် ပြောင်းလဲလို့သွား၏။ ပတ်ဝန်းကျင်ဟာ ငွေနှင်းကြောင့် ဖြူးဖွေးလာသည်။ မင်ဆော့သည် ပြေးနေသော ခြေလှမ်းတို့အား ရပ်တန့်လိုက်ပီး အသံကြားရာသို့နားစွင့်လိုက်သည်။ တော၏မြောက်ဖက်အရပ်မှဖြစ်သည်။ မင်ဆော့သည် အသံကြားရာသို့ပြေးထွက်လာခဲ့သည်။ လမ်းတွင် မင်ဆော့နှင့် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးနေကြသော ပိုးကောင်ငယ်တချို့ရှိသည်။ အသက်လုပြေးနေသော တွားသွားတိရစ္ဆာန် တချို့လည်းရှိသည်။ မင်ဆော့ဟာ သူတို့နဲ့လွတ်အောင်ကွေ့ဝိုက်ပြေးရင်း ဒုတ်မီးတချို့ကိုင်ကာ ညာသံပေးရင်း အလုပ်လုပ်နေသော လူတချို့ကိုတွေ့လိုက်ရသည်။ တောင့်တင်းသောခန္ဓာကိုယ်ရှိသည့် လူတို့သည် လုံးပတ်ကြီးသောပင်စည်တို့အား ခုတ်ထစ်လျှက်ရှိသည်။ လဲကျသွားသော ပင်စည်တချို့အား လွှဖြင့်တိုက်နေကြသူများလည်း ရှိသည်။ ဘေးပတ်လည်တွင် ဒုတ်မီးတိုင်များ စီရီစွာထွန်းလင်းလျှက်ရှိနေ၏။ အံ့သြမှု ဝမ်းနည်းမှု ဒေါသထွက်မှုတို့သည် တချိန်တည်းခံစားမိသောအခါ မင်ဆော့ဆွံ့အစေပီး နေရာတွင်အကြောင်သား ရပ်နေမိ၏။

" ဘာ ဘာတွေ ဖြစ်ကုန်တာလဲ ... "

မင်ဆော့ဟာ မိမိကိုယ်ကို မေးလိုက်ခြင်းဖြစ်သည်။ မင်ဆော့နားမလည်နိုင်ခဲ့။ မျက်စိရှေ့တွင် သစ်ပင်တို့သည် အပြိုင်ပြိုလဲကုန်၏။ ဆူညံသောလွှဖြတ်သံသည် သစ်ပင်တို့အတွက် သေမင်းခေါ်သံပင်ဖြစ်သည်။ မင်ဆော့ ဤအတိုင်းရပ်နေ၍မဖြစ်ပါ။ ဘေးဘီကိုလှည့်ပတ်ကြည့်တော့ ယာယီရွက်ဖျင်တဲ ထဲရှိလူတချို့အား မင်ဆော့မြင်လိုက်ရပီး ထိုနေရာသို့သွားလိုက်၏။ LED မီးအိမ်ကိုချိတ်စွဲထားပီး ထိုင်ခုံတချို့သာရှိသော ရွက်ဖျက်တဲထဲတွင် ချဉ်စူးသောအရက်နံ့ရနေပါ၏။ တန်ဖိုးကြီးဆေးပေါလိပ်အား ကိုက်ခဲထားသောလူသည် ခုံပေါ်တွင်ခြေချိတ်ထိုင်လျှက် မင်ဆော့အား ကြည့်နေခဲ့သည်။ ထိုသူသည် မင်ဆော့ရောက်လာမည်ကို ကြိုသိနေခြင်းဖြစ်သည်။

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now