မင်းသားလေး Wang Jung ပန်းချီဋ္ဌာနမှာ မှာစရာရှိတာမှာပြီးတော့ ပြန်အလှည့် သူ့နောက်မှာ ခေါင်းငုံ့ကာရပ်နေတဲ့ကောင်လေးတစ်ယောက်ဆီ အမှတ်မထင်အကြည့်တွေရောက်သွားခဲ့သည်။
Wang Jung မင်းသားလေး ထိုကောင်လေးကို သေချာကြည့်လိုက်မိသည်။
သူထိုကောင်းလေးကိုမှတ်မိပါတယ်...ဂိုလျောကသုံ့ပန်းအဖြစ်ပါလာတဲ့ ပန်းချီဆရာကောင်လေးလေ...နာမည်ကဘာတဲ့ Park Chanyeol ဆိုလားဘဲ...
အင်း အခုလိုသပ်သပ်ရပ်ရပ်ဖြစ်သွားတော့လဲ တော်တော်လေးကြည့်ကောင်းသားဘဲ..
Wang Jung ကိုယ့်အတွေးနဲ့ကိုယ်ပြုံးကာ ထိုနေရာကထွက်လာခဲ့သည်။
ယောင်္ကျားလေးတစ်ယောက်ကိုကြည့်ကောင်းတယ်လို့ပြောဖူးတာ သူ့ဘဝမှာအခုပထမဆုံးဘဲ...ထီးနန်းအတွက်သာ အာရုံစိုက်နေတာမို့ မိန်းကလေးတွေကိုတောင်သေချာမကြည့်တဲ့ Wang Jung မင်းသားလေးက Chanyeolကျမှဘာလို့သေသေချာချာကြည့်နေမိတာပါလိမ့်??
>>>>>>>>>>>>ချစ်ခြင်းဖွဲ့ အလင်္ကာ<<<<<<<<<<
တစ်နေ့လုံးအလုပ်တွေလုပ်အပြီး ညဘက်အနားယူချိန်ရောက်ပြီမို့် Chanyeol မအိပ်ချင်သေးတာနဲ့ အပြင်ထွက်လာခဲ့လိုက်သည်။
တစ်နေ့လုံးဟိုပြေးဒီပြေးနဲ့ပင်ပန်းထားတော့ ညဘက်လေကောင်းလေသန့်လေးရှုရင်း ကောင်းကင်ကကြယ်လေးတွေကိုမေ့ကြည့်ကာ စကားပြောမိသည်။
"ကြယ်လေးတွေရေ ကျွန်တော့်ရဲ့ Hyun ဘ်ာမှာလဲဟင်...ကျွန်တော် Hyun ကိုတွေ့ချင်လှပြီ...Hyun ဒီမှာဘဲ ရှိနေတယ်မလား? ကျွန်တော့်ကို Hyun ရှိရာဆီလမ်းပြပေးပါနော်"
Chanyeol တစ်ယောက်တည်းစကားပြောရင်း ကြာ်လေးတွေကိုလမ်းသဖွယ်ပုံဖော်ကာ ထိုလမ်းလေးအတိုင်း မော့ကြည့်ရင်းလမ်းလျှောက်လာခဲ့သည်။
ဒီနည်းက Hyun သင်ပေးခဲ့တာလေ...
Hyun ကကြယ်တွေဆိုသိပ်ချစ်တာ...သူပြောနေကြစကားတစ်ခွန်းရှိတယ်"ချစ်တဲ့သူတွေဘယ်လောက်ဘဲကွဲကွာနေပါစေ အချိန်တစ်ခုကြာရင် ပြန်တွေ့ရမှာပါတဲ့ အဲ့လိုဖြစ်အောင် ကြယ်ကလေးတွေကလမ်းပြပေးလိမ့်မယ်" တဲ့လေ

YOU ARE READING
ချစ်ခြင်းဖွဲ့ အလင်္ကာ
Historical Fictionချစ်တယ်...အရာအားလုံးထက်ပေါ့... ကျန်တာဘာမှမလိုပါဘူး...မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုမှာအချစ်ရှိနေရင်ဘဲပြီးပြည့်စုံပြီ ယွမ်နိုင်ငံရဲ့ အရေးပေးခံရဆုံးမင်းသားလေး Baekhyun နဲ့ ဂိုလျောနိုင်ငံက ဖမ်းဆီးရမိလာတဲ့ သုံ့ပန်းကောင်လေး Chanyeol တို့ရဲ့အချစ်ဇာတ်လမ်း အခြေအနေ အ...