part-17

2.5K 318 72
                                    

Baekhyun အကျဉ်းထောင်ထဲပြန်ဝင်လာတာတွေ့တော့
Chanyeol တိုင်တွေနားအမြန်ပြေးသွားကာ Baekhyun ကိုတစ်ကိုယ်လုံးအသေးစိတ်ကြည့်လိုက်သည်။

သေချာကြည့်ပြီး ဒဏ်ရာမရတာသေချာမှ သက်ပြင်းအသာချရင်း...

"တော်သေးတာပေါ့ Hyun...ဘာမှမဖြစ်လာလို့
ကျွန်တော်က Hyun ကိုစိတ်ပူနေတာ"

"မယ်တော်လာတွေ့တာပါ...ကိုယ်တော်ဘာမှမဖြစ်တာမို့ စိတ်ချနော် Yeol"

"ဟုတ်ကဲ့ Hyun...ဒါနဲ့ မယ်မယ်ကဘာတွေပြောသွားလဲဟင်? Hyun ကိုကယ်ပေးမယ်တဲ့လား?"

သူ့အဖြေကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
မျှော်လင့်တကြီး စောင့်စားနေတဲ့ Yeol ကြောင့်
Baekhyun ခေါင်းကိုခပ်လေးလေးသာညိမ့်ပြလိုက်မိသည်။

"Yeah!!! တော်သေးတာပေါ့...အခုမှဘဲစိတ်အေးတော့တယ်"

ပျော်ရွှင်စွာပြောလာတဲ့ Yeol ကိုကြည့်ပြီး
Baekhyun မပျော်နိုင်ပါ

သူတစ်ယောက်တည်းမလွတ်မြောက်ချင်တာမို့...

"မယ်တော်တို့ကယ်ရင်တောင် ကိုယ်တော် Yeol ကိုထားခဲ့ပြီးမသွားနိုင်ဘူး....တစ်ကိုယ်ကောင်းမဆန်ချင်ဘူး Yeol....ပြီးတော့ မင်းကို ကိုယ်တော်ထိခိုက်မခံနိုင်ဘူး"

မှိုင်းညို့နေတဲ့မျက်နှာနဲ့ပြောလာတဲ့ Hyun ကြောင့်
ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့သက်ပြင်းကို ကျွန်တော်ချမိပြန်သည်။

"ကျွန်တော် ပြောပြတာလေး ခဏနားထောင်ပေးပါ Hyun"

တည်ငြိမ်စွာ ကျွန်တော်ပြောတော့
ကျွန်တော့်မျက်နှာကိုသေချာကြည့်ရင်း ပြောလာမဲ့စကားကို အလေးစိုက်လာတဲ့ Hyun...

"အခု Hyun လွတ်မြောက်ဖို့ကပိုအရေးကြီးတယ်"

"ဒါပေမဲ့...."

"ခဏလေး...ကျွန်တော့်စကားကိုဆုံးအောင်နားထောင်ပေးပါ"

ကျွန်တော့်စကားကြောင့် ငြိမ်ကျသွားပြန်သူ...

"ကျွန်တော်တို့နှစ်ယောက်လုံးတစ်ပြိုင်နက် လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...အဲ့တာကြောင့် Hyun လွတ်မြောက်အောင်အရင်ကြိုးစားရမယ်... တကယ်လို့ Hyun လွတ်မြောက်သွားရင် ကျွန်တော့်ကိုပြန်ကယ်လို့ရတာဘဲ မဟုတ်ဘူးလား? အဲ့တာကြောင့် Hyun ကအရင်လွတ်မြောက်အောင်ကြိုးစားပေးပါနော်....ကျွန်တော် Hyun ပြန်လာကယ်ပေးမဲ့အချိန်ကိုစောင့်နေပါ့မယ် "

ချစ်ခြင်းဖွဲ့ အလင်္ကာWhere stories live. Discover now