Baekhyun တစ်ယောက် ညဥ့်နက်သည်အထိ အိပ်မပျော်တာကြောင့် သူသိပ်သဘောကျတဲ့ ကြယ်လေးတွေကိုကြည့်ဖို့ အပြင်ထွက်ခဲ့သည်။
အရေးပါတဲ့မင်းသားတစ်ပါးဖြစ်သည့်အလျောက်
နန်းတော်အရေးကိစ္စတွေနှင့်သူလဲအလုပ်များလွန်းလှသည်လေ...Su Bin မယ်မယ်အသတ်ခံရတဲ့ ကိစ္စကိုလဲ ခမည်းတော်အမိန့်နဲ့ စုံစမ်းနေရတာကို...
ဖြစ်နိုင်ရင် ဒီမင်းသားဆိုတဲ့ဘဝမှာမနေချင်တော့တာအမှန်...
ရှုပ်ထွေးလွန်းတဲ့ ဒီနန်းတွင်းကထွက်ပြီး Yeol နဲ့အတူ သာမန်ဘဝလေးတစ်ခုတည်ဆောက်ချင်တယ်
Baekhyun လမ်းလျှောက်နေရင်း ရုတ်တရပ် လူရိပ်တွေ့လိုက်ရတာကြောင့် ခြေလှမ်းတို့ကိုရပ်တန့်လိုက်တယ်
ထိုအရိပ်ရှိရာနေရာကို တဖြည်းဖြည်းချင်း ကပ်သွားမိသည်။
ညကြီးအချိန်မတော် အမှောင်ထဲမှာခိုးကြောင်ခိုးဝှက်နှင့်ထိုလူဘာလုပ်နေရသနည်း?
ဝတ်စားဆင်ယင်ပုံအရ ယောင်္ကျားလေးတစ်ယောက်ဖြစ်မှန်းတော့အတပ်သိနိုင်သည်။
Su Bin မယ်မယ် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး လူသတ်သမားရှိနေတာကြောင့် သူသတိထားနေခြင်းသာ
သူလဲသိုင်းပညာမှာထူးချွန်သူတစ်ယောက်မို့ ကြောက်စရာတော့မရှိ...
Baekhyun ထိုသူအနားရောက်သည်အထိ
ထိုလူကတော့လှုပ်ရှားမှု မရှိပေထိုသူ့ပခုံးကို Baekhyun ကိုင်လိုက်တော့မှ အလန့်တကြား လှည့်ကြည့်လာသည်။
"အမလေး!!!!"
လန့်သွားဟန်မှတစ်ဆင့် Baekhyun ကိုမြင်တော့ထိုလူချက်ချင်းခေါင်းငုံ့အရိုအသေပေးကာ...
"မင်းသားလေး...ညကြီးအချိန်မတော် ဘယ်သွားမလို့ပါလဲ?"
ထိုလူ....Baekhyun ထိုလူကိုသေချာမြင်ဖူးသည်
ဘယ်နားမှာပါလိမ့်?"အဲ့တာက ကိုယ်တော်မေးရမှာ...
မောင်မင်းကဘယ်သူလဲ?
ဒီအချိန်ကြီးအမှောင်ထဲမှာဘာလုပ်နေတာလဲ?""ကျွန်တော်မျိုးက ပန်းချီဆရာ Kim Suho ပါ"
Kim Suho? ပန်းချီဆရာ?
Aww အဲ့တာကြောင့်သိနေပါတယ်မှတ်တာ
Yeol ပြောဖူးသည်လေ
သူဒီကိုရောက်ရောက်ချင်းစခင်ခဲ့တဲ့ ဂိုလျောလူမျိုးပန်းချီဆရာလေးဘဲ
![](https://img.wattpad.com/cover/107980840-288-k694441.jpg)
YOU ARE READING
ချစ်ခြင်းဖွဲ့ အလင်္ကာ
Historical Fictionချစ်တယ်...အရာအားလုံးထက်ပေါ့... ကျန်တာဘာမှမလိုပါဘူး...မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုမှာအချစ်ရှိနေရင်ဘဲပြီးပြည့်စုံပြီ ယွမ်နိုင်ငံရဲ့ အရေးပေးခံရဆုံးမင်းသားလေး Baekhyun နဲ့ ဂိုလျောနိုင်ငံက ဖမ်းဆီးရမိလာတဲ့ သုံ့ပန်းကောင်လေး Chanyeol တို့ရဲ့အချစ်ဇာတ်လမ်း အခြေအနေ အ...