လွန်ခဲ့သော ခြောက်လခန့်က အိပ်ဆေးသောက်ကာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့သော ကောင်လေးတစ်ယောက် ဆိုးလ်ဆေးရုံသို့ရောက်ရှိလာခဲ့တယ်.....
ဖခင်ဖြစ်သူသူဌေးကြီးမှာ ကိုယ့်ကိုကိုယ် အပြစ်မကင်းဖြစ်ကာ ဝမ်းနည်းလို့မဆုံး....
အချိန်မှီလေးဆေးရုံသို့ရောက်ရှိသွားတာကြောင့် အသက်အား လှကာ ကယ်လိုက်နိုင်ပေမယ့်လို့ သားဖြစ်သူမှာ Coma ဝင်ကာ မေ့မြောနေလေ၏....
ဆရာဝန်တွေကတော့ ရာခိုင်နှုန်းနည်းလွန်းသည် စောင့်ကြည့်ရမည်ဆို၍သာပြောလေသည်....
"သားလေး....နိုးလာတော့လေ appa မှားသွားပါတယ်ကွာ သားလေးချစ်တဲ့ hyung နဲ့ တွေ့ရဦးမယ်လေကွာ"
ပြန်လည်ဖြေကြားလာခြင်းမရှိဘဲ ငြိမ်သက်လျက်သာရှိနေတဲ့ သားမျက်နှာလေးကို ကိုင်လိုက်ပြီး....
"ဒါ သားလေးအတွက် appa လုပ်ပေးတာပါ နားလည်ပေးပါနော်"
ဆုံးဖြတ်ချက်ခိုင်မာစွာချလိုက်ပြီး ချစ်ရသောသားအား ဤလောက၌ ထာဝရပျောက်ကွယ်သွားပြီဆိုတဲ့အကြောင်း မုသားသုံးကာ ဖော်ထုတ်စေခဲ့တယ်.....
သားအတွက် appa လှပတဲ့ အနာဂတ်နဲ့ ဘဝအသစ်လေးတစ်ခု တည်ဆောက်ပေးပရစေ Jin လေးရယ်...
ထိုနေ့မှစ၍ပတ်ဝန်းကျင်တစ်လောကလုံးကလူသားတို့သည် Park Jin Young ဆိုသောကောင်လေးက ကောင်းကင်ဘုံ၌အနားယူသွားပြီဟုသာ မှတ်ဥာဏ်ထဲစွဲထင်သွားစေတယ်..... သူချစ်တဲ့ hyung အပါအဝင်ပေါ့
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ခြောက်လခန့်ကြာပြီးသော်......
ကုန်းမြင့်လေးတစ်ခုအား ပန်းစည်းလေးနဲ့ခြင်းလေးကိုင်ကာ ရောက်လာသော ကောင်လေးတစ်ယောက်....
အပင်ကြီးဘေးမှာရှိတဲ့ ကျောက်တိုင်လေးရှေ့ ဖျာလေးခင်းကာ ခြင်းလေးကိုချလိုက်ပြီး ယူလာတဲ့ပန်းစီးလေးကို ကျောက်တိုင်ခြေရင်းမှာတင်လိုက်တယ်....
"Jin na hyung ချောကလပ်ကိတ်ဝယ်လာခဲ့တယ် Jin လေးကြိုက်တယ်မှတ်လား"
ခြင်းထဲက ကိတ်မုန့်ဘူးလေးကိုယူပြီး ဖျာလေးပေါ်တင်ကာပြောလိုက်တယ်