ရုတ်တရတ် ကျွန်တော် ရပ်တည်နေရာ လောက ကြီး ချာချာလည်သွားသလို ...
ဘယ်လို ကျွန်တော်က လက်ထပ်ရမယ် ဟုတ်စ !
လက်မထပ်ချင်ပါဘူး >< အခုမှ တက္ကသိုလ် ဒုတိယနှစ်ပဲ ရှိသေးတဲ့ ဟာကို ...
ပြီးတော့ .. ပြီးတော့ ကျွန်တော်က ပထမဆုံး အချစ်ဦးဆိုတာတောင် မရှိသေးဘူးဗျ .. •sob•" ဟဲ့ ကြားလား Baekhyun "
အတွေးထဲ နှစ်နေတုန်း vocal power ကောင်းလှသော Appa ရဲ့ အသံ စူးစူးကြောင့် သတိ ပြန်ကပ်ကာ
" Nae ..? appa ! "
" ဒီနေ့ ညနေ မင်းရဲ့ အိမ်ထောင်ဘက် Mr.Park နဲ့ သွားတွေ့ရမယ် ! "
appa ရဲ့ တချက်လွှတ် အမိန့်က ကျွန်တော့် ခေါင်းတည့်တည့်ကို မိုးကြိုး ပစ်ချလိုက်သလို ။
ဘယ်နှယ့် အခုပဲ လက်ထပ်ဖို့ ပြောတယ် အခုချက်ချင်းပဲ အိမ်ထောင်ဘက်ကို သွားတွေ့ရမယ်တဲ့ အိမ်ထောက်ဘက်က အဲ့သလောက်ပဲ ရှာရလွယ်သလား .. pueeeee ... ဘာပဲ ဖြစ်ဖြစ် သွားတွေ့ဆိုတော့လည်း သွားတွေ့ရမှာပဲ
•sob• မတွေ့လို့လဲ မဖြစ်ဘူး မတွေ့ဘူးငြင်းရင် တခါတည်း အိမ်ပေါ်က ကန်ချခံရလိမ့်မယ်
ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါဗျာ ကျွန်တော်လို တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလေးကို appa တို့က ဘာလို့များ ဇွတ်မိန်း .. အဲလေ ယောက်ျား ပေးစားချင်ရသလဲလို့ ... !!!!!🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
နှင်းတွေ တဖွဲဖွဲ ကျနေတဲ့ ရှင်ချွန်းရဲ့ လမ်းမကြီးမှာ လူတွေနဲ့ ရှုပ်ယှတ်ခပ် စီကားလျက် ... အဲ့ဒီ အထဲမှာ အတွဲ ကိုယ်စီ နဲ့ အတူ ဖက်လဲတကင်းရောယှက်ကာ လမ်းလျှောက်နေသူတွေပါသလို ဘာရယ်ကြောင့်မှန်းမသိ ပြေးလွှားနေကြသူများကလည်း ခပ်များများရယ် ..
huu .. လူတွေကလည်းလေ ဘာလို့များ ဒီလို နှင်းငွေ့အေးအေးနဲ့ နေလို့ကောင်းနေတဲ့ ရာသီမျိုးကို လမ်းမပေါ်မှာ ကုန်ဆုံးချင်ရတာပါလိမ့် ..
• ငါသာဆို စောင်လေးထဲမှာ ကွေးနေမှာပဲ •
" မင်းလို အထက်တန်းကျောင်းသားတစ်ယောက်ကတော့ ဒီလိုတွေးကောင်းတွေးနေပါလိမ့်မယ် .. ဒါပေမယ့် တချို့ မပြည့်စုံပဲ မွေးဖွားလာသူတွေ အဖို့ တနေ့လုပ်မှ တနေ့စားကြရတာလေ .. ဒါကြောင့် ရာသီဥတု အေးနေလဲ အလုပ်ကြိုးစားရတာပေါ့ "
YOU ARE READING
Oh My Mr. Billionaire
FanficCast/s - Park Chanyeol as Mr. Billionaire -Byun Baekhyun as Hyunee