Mr.(2)

1.3K 136 17
                                        

" ဒီလိုလား .. arnyi arnyi ဒီလိုလား ?? "

" Ya! Byun Baekhyun သေချာ စိတ်နှစ်ထားစမ်းပါ .. ဒီလိုပုံစံအတိုင်းဆို အယ်ဒီတာချုပ် မပြောနဲ့ second semester တောင် မအောင်နိုင်ဘူး "

ဒါကတော့ ကျွန်တော့် သူငယ်ချင်း စာကြမ်းပိုးကြီး Do Kyungsoo ရဲ့ ညင်သာ လှစွာသော အားပေးစကားပါ ..
ကျွန်တော်တို့ အခု ဘာလုပ်နေသလဲ မေးရင် Assignment အတွက် ဆောင်းပါးအသစ်တစ်ပုဒ် ရေးနေတာပါ ..
ဆောင်းပါးကတော့ ပြီးသွားပါပြီ ဒါကြောင့် စာလုံးပေါင်းတွေ ပြန်စစ်တာဘာညာ အဆုံးသတ်တိုင်း ဒီငနဲလေးနဲ့က အခုလို စကားများနေကြ ။

" တော်ပြီကွာ မင်းက အမှန်တွေ သိနေတာပဲ မင်းပြင်လိုက်ပေါ့ကွ ! ငါမှ မသိတာ စိတ်လည်း မပါတော့ဘူး သွားပြီကွာ"

" Ya ! Baekhyun ah ငါက မင်းကို ကောင်းစေချင်လို့ပြောနေတာကွ စာလုံးပေါင်းစစ်တာ ကို အခုကတည်းက မလုပ်ချင်ရင် နောက်ဆို ဘယ်လိုလုပ်စားမှာလဲ ဘဝကို ဘယ်လိုရှေ့ဆက်မှာလဲပြော ခွေးဖြစ်မယ်သိလား "

အလဲ့ ! လာသေးတာ အခုတည်းက နောင်ရေးကိုတွက်ပြီး တဘဝလုံးစာအတွက် တရားလာဟောနေတာ ဟွန့် !

" ငါက Mr.Billionaire ရဲ့ ခင်ပွန်းလောင်းပါနော် . Mr. Billionaire ကြီးနဲ့ လက်ထပ်ပြီးမှ မင်းနဲ့ဆက်ပြီးစကားပြောမယ် ဟွန့် "

Kyungsoo ကို ရန်တွေ့ပြီး ဆောင့်ကြွားဆောင့်ကြွားနဲ့ ထွက်သွားသော အနှီကောင်လေးကတော့ တကယ့်
မလွယ်ကြောလေးပါ ..

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

" ဟယ်လို "

" ဟယ်လို ဟယ်လို Mr. Billionaire ကြီးလားဟင် ?"

ဟော သိလိုက်ပါပြီ ဒါဆို ဘယ်သူလေးလဲဆိုတာ ..
ဘယ်သူရှိရမှာလဲ ကျွန်တော့်ရဲ့ နှစ်ယောက်မရှိတဲ့ ပိစိလေးပေါ့

" မဟုတ်ပါဘူး .. ကျွန်တော် Park Chanyeol ပါ .."

ဒီ အနှီကောင်လေး ကို စချင်တာကြောင့် မသိချင်ယောင်ဆောင် ကာပြောလိုက်တော့

" အမယ် Mr. Billionaire ကြီးကလေ မထင်ရဘူး သိလား သိပ် တုံး တာ ပဲ "

Oh My Mr. Billionaire Where stories live. Discover now