"အိမ်ထောင်ဖက်တွေ့ရမယ်"
ကုတင်ပေါ်ထိုင်နိုင်တာနဲ့ ထွက်လာတဲ့ Diēရဲ့အမိန့်ကြောင့် ညီအစ်ကိုနှစ်ယောက်လုံးစုတ်သပ်မိလိုက်ကြတယ်။
"ဒါအမိန့်ပေးနေတာမဟုတ်ဘူး...ဘယ်အချိန်သေရတော့မယ်မှန်းမသိတဲ့ ဒီအဘိုးကြီးကတောင်းဆိုနေတာ"
"Pa အဲ့လောက်လည်းအသက်မကြီးသေးပါဘူး"
Yixing ရဲ့အသံတိုးတိုးကို Diēကခေါင်းရမ်းသက်ပြင်းချသည်။
"မဟုတ်ဘူး ဒီတစ်ခေါက်ကိစ္စမှာ ငါသင်ခန်းစာရလိုက်တယ်။ လူတစ်ယောက်အတွက်အချိန်တွေဆိုတာများများစားစားမရှိဘူး။ အသက်ရှင်နေတုန်းမှာ မိသားစုအစုံအလင်နဲ့နေရပြီး သေတဲ့အခါနောက်ဆံတင်းရမျိုးကင်းချင်တယ်။"
"ဒါဖြင့်..."
"အဲ့လိုဆိုတိုင်း ကျွန်တော်တို့ဘဝကိုလိုသလိုခြည်လှယ်မလို့လား?"
Yixing စကားမဆုံးသေးခင်ကြားဖြတ်ထွက်လာတဲ့ JiaShuai အသံကြောင့် Yixing တအံတသြ ငေးရင်း ပြောမယ့်စကားတွေရပ်လိုက်ရသည်။
"နှစ်ယောက်လုံးကိုမဆိုလိုဘူး ။ မင်းတို့နှစ်ယောက်ထဲကတစ်ယောက်ဆိုရပြီ။"
"သားတို့ မေမေ့မျက်နှာကိုထောက်ပြီးတော့ပဲ ဖြစ်ဖြစ်နားထောင်ပေးကြပါနော်"
မျက်နှာငယ်နဲ့ Ma ရဲ့တောင်းဆိုမှုက ညီအစ်ကိုနှစ်ဦးလုံးရဲ့စိတ်ကိုပျော်ကျစေပြန်သည်။
"ဒါပေမယ့် ကျွန်တော့်အတွက်ကအချိန်အရမ်းစောနေသေးတော့ နောက် ၂ နှစ်လောက်မှပဲ ဖြစ်ဖြစ် "
JiaShuai လက်သီးကိုဆုပ်ပြီး သက်ပြင်းဖွဖွချလိုက်သည်။
"ကောင်းပြီလေ ကျွန်တော်ကအကြီးဆိုတော့ ကျွန်တော်ပဲ အရင်တွေ့ကြည့်တာပေါ့။ Yixing ကတော့ သူပျော်သလိုနေပါစေ"
YOU ARE READING
Sin [Lay x Xing]
Fanfictionလူ့အသိုက်အဝန်းတွင်တားမြစ်ထားသောအချစ်များစွာရှိ၏။ ထိုသို့သောအချစ်များထဲမှသွေးရင်းစပ်ယှက်ခြင်းသည် ၂၁ရာစု၏ 'အချစ်' ဟုမတင် 'အပြစ်' ဟုကင်ပွန်းတင်နိုင်သော တားမြစ်ချက်ဖြစ်၏။ Pairing : Zhang Yixing x Zhang JiaShuai Warning: Incest x...