strangers

2.8K 321 60
                                    

ICUခန်းထဲမှ ​အောက်​စီဂျင်​ပိုက်​အကူအညီဖြင့်​အသက်​ရှူ ​နေရ​သော Diē​ဘေးသို့ JiaShuai တ​ဖြေး​ဖြေးချင်းချည်းကပ်​သွားလိုက်​သည်​။ monitor​ပေါ်မှ ဂဏန်းများကတိုးလိုက်​ကျလိုက်​သည်​။ အသက်​ရှူ သံတို့ကလည်းတိုးသွားလိုက်​ကျယ်​လာလိုက်​။

"တစ်​ခါတည်း​သွားလိုက်​ပါ​တော့လား Diēရယ်​....လူ့ဘဝကြီးကဘာ​တွေများ​ကောင်း​နေလို့ အပြင်းအထန်​အသက်​ရှင်​ဖို့ကြိုးစား​နေတာလဲ"

ပတ်​တီးအထပ်​ထပ်​နှင့်​​ Diēရဲ့​ခြေနှစ်​ဖက်​ကို JiaShuai ကြည့်​ရင်း ထိုင်​ခုံ​ပေါ်ထိုင်​ချလိုက်​သည်​။
ဆရာဝန်​​ပြောစကားအရ Diēလမ်းပြန်​​လျှောက်​နိုင်​မယ့်​ ရာခိုင်​နှုန်းက ၄၀ ပင်​မရှိ။ အသက်​အရွယ်​အရ ပြန်​လည်​​ကောင်းမွန်​ရန်​မ​သေချာဟုဆိုထားသည်​​လေ။

လည်​ထိန်းနှင့်​မသက်​မသာပုံစံကလည်း JiaShuai လည်​ပင်းပင်​အစ်​လာသလိုခံစားရသည်​။ နှာ​ခေါင်းပိုက်​မှတစ်​ဆင့်​အဟာရထည့်​​ကျွေး​နေရခြင်းသည်​လည်း မသက်​မသာနှင့်​စိတ်​ရှုပ်​ဖွယ်​​ကောင်းလှသည်​။

"Diē ဒီအတိုင်း​လေးထွက်​မသွားချင်​ဘူးလားဟင်​?"

JiaShuai ​လေသံနူးနူးညံ့ညံ့က​လေးဖြင့်​ လဲ​လျောင်း ​နေသည့်​ဖခင်​အား​မေးမိသည်​။ ​သေချာ​ပေါက်​ Diēကြား​နေရမှာပါ။

အနည်းငယ်​လှုပ်​လာတဲ့ Diēရဲ့လက်​​ချောင်း​တွေ​ကြောင့်​ JiaShuai မျက်​နှာဖုံးထက်​ကမျက်​လုံးများ​မှေးသွားတဲ့ပြုံးလိုက်​သည်​။ Diēရဲ့လက်​ကိုခပ်​ဖွဖွမယူရင်း ပါးပြင်​မှာကပ်​​တော့ ​နွေး​ထွေး​နေတဲ့အထိအ​တွေ့က mask ကြားကလွတ်​​နေတဲ့မျက်​နှာပြင်​ကိုကူးစပ်​လာတယ်​။

"​သြော်​....Diēရယ်​....စိတ်​ကြီးလိုက်​တာ...စိတ်​မပူပါနဲ့ Niáng နဲ့ Xing ကိုကျွန်​​တော်​​စောင့်​​ရှောက်​မှာပါ"

နံရံကပ်​ပလပ်​​ပေါက်​အတွင်းက ပလပ်​ကြိုးကိုခပ်​ဖွဖွထိ​တွေ့ရင်း JiaShuai မျက်​နှာဖုံး​အောက်​ကပြုံးလိုက်​သည်​။

"အိမ်​မက်​လှလှမက်​ပါ​စေ Diē"

တ​ရွေ့ ​ရွေ့ ​နောက်​ဆုတ်​လာတဲ့ ပလပ်​​ခေါင်းရဲ့ဆုံးမှာ Diēဟာ နာကျင်​မှုအလျင်းမရှိပဲငြိမ်းချမ်းသွား​လိမ့်​မယ်​။

Sin [Lay x Xing]Where stories live. Discover now