in your nightmare

3.9K 328 111
                                    

Yixing စတယ်​လာဟန်​နှင့်​ ​တွေ့ဆုံ​နေသည်​မှာ သုံးလပင်​ရှိသွားပြီဖြစ်​သည်​။ ထို့​နောက်​ Yixing  မီးဖို​ချောင်​၌ကိုယ်​တိုင်​ဝင်​ချက်​နိုင်​​လောက်​တဲ့အထိ JiaShuai ​နေရာကိုအစားဝင်​နိုင်​ခဲ့ပြီဖြစ်​သည်​။ ညညအိပ်​မ​ပျော်​သည့်​​ရောဂါကလည်း​ပျောက်​သွားခဲ့သည်​။

"အ​ဖေ...Xing ထူးဆန်း​နေတယ်​"

Zhang Jiasheng ​ချွေးမဖြစ်​သူရဲ့စကား​ကြောင့်​ လက်​တွင်​ကိုင်​ထား​သော လက်​ဖက်​ရည်​ခွက်​ကို​ကြွေပန်းကန်​ထက်​ပြန်​ချထားလိုက်​သည်​။

"သူကဘာ​တွေထူးဆန်း​နေလို့လဲ သမီးရဲ့"

"ညဆိုရင်​ အိမ်​ပြန်​​ရောက်​တာနဲ့တန်းအိပ်​ပြီး ၁၀နာရီ​နှောင်းပိုင်းဆို တစ်​​ရေးနှိုးထထလာတယ်​။ ​နေ့လည်​ခင်းမှာ​ပြောထားတဲ့ကိစ္စ​တွေဆိုလည်းမမှတ်​မိဘူး။ သူ့ကိုယ်​က​နေလည်း ပန်းရနံ့​တွေရတယ်​။ သမီးကိုလည်းရင်းရင်းနှီးနှိးသိပ်​မရှိ​တော့ဘူး"

"အလုပ်​​ကြောင့်​စိတ်​ပင်​ပန်းတာ​နေမှာ​ပေါ့သမီးရယ်​...သမီးကနားလည်​​ပေးလိုက်​ပါ"

"ဟုတ်​ကဲ့...သမီးကသူ​နေမ​ကောင်းဘူးလားစိုးရိမ်​လို့ပါ။ လက်​ထပ်​စက သူ အိမ်​မက်​ဆိုး​တွေအရမ်းမက်​ပြီးအိပ်​မ​ပျော်​လို့ဆရာဝန်​နဲ့ပြကြည့်​ဖို့​ပြော​သေးတယ်​။ သမီး​လည်းအလုပ်​​တွေ​ကြောင့်​ကိုယ်​တိုင်​မလိုက်​ဖြစ်​ဘူး။"

Zhang Jiasheng မျက်​​မှောင်​ကြုတ်​ လိုက်​သည်​။ Yixing သူ့ကိုအဆက်​အသွယ်​မလုပ်​သည်​မှာလည်း လွန်​ခဲ့တဲ့သုံးလကတည်းကဖြစ်​သည်​မို့ ထူးဆန်း​နေသည်​ကအမှန်​​ပေ။

"အင်းပါ...အ​ဖေစုံစမ်းကြည့်​ပါအုန်းမယ်​။ ဒါနဲ့သမီးတို့သတင်း​ကောင်းမရှိ​သေးဘူးလား သမီးရဲ့​ယောက္ခမကအရမ်းကို​မြေးချီချင်​​နေပြီ။"

Hong luoluo ပါးပြင်​​လေး​တွေရဲ​သွေးဖြာသွားသည်​။

__Sin__

"​မောင်​....ဒီ​နေ့မနက်​စာအတူစားရ​အောင်​"

"ကိုယ်​မအားဘူး။ ဒီ​နေ့ တစ်​​နေ့လုံး အလုပ်​ရှုပ်​​နေမှာ ညနက်​တဲ့အထိလည်းအလုပ်​လုပ်​ရလိမ့်​မယ်​။"

Sin [Lay x Xing]Where stories live. Discover now