"Zhang YiXingမှာအမွှာရှိတယ်ကြားခဲ့ဖူးပေမယ့်တစ်ခါမိတ်မဆက်ပေးခဲ့ဖူးနော်။ပရိတ်သတ်တွေက Zhang Yixingရဲ့အမွှာကိုသိပ်မြင်ဖူးချင်နေကြတယ်"
Variety showတစ်ခု၏ စတူဒီယိုခန်း၊ ဝင်ခွင့်ရပရိတ်သပ်များနှင့်ရိုက်ကူးရေးဝန်ထမ်းတွေအားလုံး
ရဲ့အာရုံက မီးဆိုင်းအလယ်ကYixingဆီမှာသာ။
တောက်တောက်ပပအပြုံးနဲ့ခြေချိတ်ထိုင်နေသည့်Yixingပုံစံက celebrity တစ်ဦး၏အရောင်အဝါများနှင့်တောက်ပလို့နေ၏။"Ge က ဓာတ်ပုံရိုက်တာလည်းဝါသနာမပါဘူး။လူတွေရဲ့အာရုံစိုက်မှုကိုမခံချင်တာ။ကျွန်တော်နဲ့တော့အကျင့်စရိုက်ကဆန့်ကျင်ဖက်ပဲ ဟားဟား"
အရယ်သွန်းလျှက်အရွှန်းဖောက်သည့်Yixing၏အဖြေမှာပရိတ်သတ်အာရုံကစုစည်းနေသည်။
"ဒါဖြင့် Yixingရဲ့ အစ်ကိုကအခုဘာလုပ်တာလဲ"
"အင်....အဲ့တာကခင်များတို့ကိုယ်တိုင်မေးကြည့်မ
လား?"ပရိတ်သတ်ထိုင်ရာခုံများနောက်မှPD၏အချက်ပြမှုကြောင့် Yixingစကားလွှဲလိုက်သည်။
"လူကြီးမင်းတို့တွေ့ချင်နေတဲ့ကျွန်တော့်ရဲ့အစ်ကို Zhang JiaShuai ကိုဖိတ်ခေါ်ပါတယ်။"
စင်နောက်စင်္ကြန်လမ်းအတွင်းမှအနက်ရောင်ရှူးဖိနပ်နှင့်အဖြူ ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသော ခြေတစ်ဖက် ကင်မရာမြင်ကွင်းထဲသို့စတင်ဝင်ရောက်လာခဲ့သည်။
Yixingနဲ့တစ်ထေရာတည်းတူသော ထိုသူ၏ မျက်နှာတွင်ဘယ်ဖက်တွင်ရှိနေသောပါးချို င့်တစ်ခုသာခြားနားသည်။
လက်ခုပ်သံကျယ်ကျယ်လောင်လောင်များသည်သောင်းဖျစွာဖြင့် စတူဒီယိုအတွင်းပြန့်နှံသွားသည်။ Yixing ထ ကာJiashuaiကိုဖက်လိုက်သည်။"ရောက်လာသားပဲ"
"မင်းတောင်းဆိုရင်ငါငြင်းဖူးလို့လားXing"
"ဟက်!"
ပွေ့ဖက်နေသည့် ရင်းရန်သဖွယ်အဖြူ ၊အမည်းဝတ်စုံနှင့် ညီအစ်ကို၏ပုံရိပ်များသည် လူအများ၏လက်ထဲမှ ကင်မရာများထံရောက်ရှိလို့သွားသည်။
YOU ARE READING
Sin [Lay x Xing]
Fanfictionလူ့အသိုက်အဝန်းတွင်တားမြစ်ထားသောအချစ်များစွာရှိ၏။ ထိုသို့သောအချစ်များထဲမှသွေးရင်းစပ်ယှက်ခြင်းသည် ၂၁ရာစု၏ 'အချစ်' ဟုမတင် 'အပြစ်' ဟုကင်ပွန်းတင်နိုင်သော တားမြစ်ချက်ဖြစ်၏။ Pairing : Zhang Yixing x Zhang JiaShuai Warning: Incest x...