Except Him #1

431 35 3
                                    

2015.5.13
Jae Hyun's POV

ဒီနေ့က ကျွန်တော့်ရဲ့အဖေနဲ့အဖေ လောကကြီးထဲ ကနေ အပြီးအပိုင်ထွက်ခွာသွားတာ ၁၀နှစ်တိတိ
ပြည့်တဲ့နေ့......

ကျွန်တော် ၁၀နှစ်သားအရွယ်မှာ အမေနဲ့အဖေဟာ
ကျွန်တော့်ကို စွန့်ခွာသွားခဲ့တယ်....

လူတွေက ပြောကြတယ် အဖေနဲ့အမေကို ကျွန်တော်သတ်တာတဲ့.........

ငယ်ရွယ်စဉ်အချိန်တုန်းကတော့ 'ဟင့်အင်း....ကျွန်တော်သတ်တာမဟုတ်ဘူး' ဆိုပီး အကြောက်အကန် ငိုယို ငြင်းခဲ့ပေမဲ့
အခုအချိန်မှာပြန်စဉ်းစားမိတော့သူတို့တွေပြောခဲ့တာ
အမှန်တွေပါပဲလေ.....

ဟုတ်ပါတယ်.....အဖေနဲ့အမေကို
ကျွန်တော်သတ်ခဲ့တာ

ကျွန်တော်သာ အဲ့ဒီနေ့က Chocolate Cake
စားချင်တယ်လို့ မပူဆာခဲ့ဘူးဆိုရင်

အခုအချိန် ကျွန်တော့်ဘေးမှာ အဖေနဲ့အမေ
သက်ရှိထင်ရှား ရှိနေကြဦးမှာ........

အခုတော့ အသုံးမကျတဲ့ ကျွန်တော့်ကြောင့်
ညအချိန်မတော် ကျွန်တော်အငိုတိတ်အောင်
Driver မပါပဲ နှစ်ယောက်တည်း Chocolate
Cake သွားဝယ်ပေးခဲ့ရတဲ့ အဖေနဲ့အမေဟာ
အိမ်အပြန်လမ်းမှာ ဆိုးရွားလှတဲ့ Car accident
တခုနဲ့ကြုံခဲ့ရပီး အသက်ဆုံးရှုံးခဲ့ရတယ်.......

ဒီအကြောင်းတွေကို မသိသေးတဲ့ ကျွန်တော်က
တော့ Cake စားရတော့မယ်ဆိုတဲ့ ကလေးအတွေးနဲ့ အိမ်ကနေ အဖေနဲ့အမေ ပြန်အလာကို မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေခဲ့
တာ

မကြာခင်မှာပဲ ကျွန်တော့် အဖွားဆီကို
Ph call တခုဝင်လာခဲ့တယ်

အဖေနဲ့အမေ ဆုံးသွားပီတဲ့

ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ

ကျွန်တော် စားချင်လွန်းလှပါတယ်ဆိုတဲ့ Chocolate cake လေးကလဲ Car Accident ဖြစ်ထားတဲ့အရှိန်ကြောင့် ပုံစံပျက်ယွင်းနေခဲ့ပီ

ကျွန်တော် ချစ်မြတ်နိုးတဲ့ အမေ့ရဲ့ မျက်နှာလှလှမှာလဲ အနီရောင်သွေးများပေကျံနေခဲ့ပီ

အမြဲလိုလို ကျွန်တော့်ကိုပြုံးပြလေ့ရှိတဲ့ အဖေသည်လဲ အမေ့နည်းတူပင် အသက်ဝိဥာဉ်ကင်းမဲ့နေခဲ့ပီ

Except HimWhere stories live. Discover now