Except Him #2

311 37 5
                                    

အေးမြတဲ့ဆောင်းလေညင်းက တယောက်တည်းအထီးကျန်ဆန်စွာ စကားပြောနေတဲ့ ကျွန်တော့်ကို မထီမဲ့မြင်ပြု ဟားတိုက်ရယ်နေတယ်

ဒါပေမဲ့ အခုကျွန့်တော့်စိတ်ထဲမှာ သူ့ကိုလဲအပြစ်မမြင်နိုင်သေးဘူး
Omma တို့နဲ့တောင်စကားပြောဖို့ အချိန်မလောက်သေးတာ သူ့ကိုလှည့်ပီးရန်ရှာဖို့ အချိန်ကျွန်တော့်မှာမရှိသေးဘူးလေ

'Omma သားကိုသတိရနေတယ်မလား'

အဖြေပေးမဲ့သူမရှိတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်ရူးမိုက်စွာပဲ မေးနေမိခဲ့တယ်

'သားလဲ Omma တို့ကိုအရမ်းတွေ့ချင်နေခဲ့တာ....ဒါပေမဲ့ အဘွားက နှစ်ပတ်လည်နေ့မှသွားရမယ်လို့ အမိန့်ပေးထားတယ်လေ.... သားတယောက်တည်းသွားရင်စိတ်မချလို့တဲ့ သားလဲ 18 နှစ်ပြည့်ပီးတဲ့ ယောင်္ကျားလေးတယောက်ပါ....အဘွားကိုကစိတ်ပူနိုင်လွန်းတာ'

စကားတွေသာအဆက်မပြတ်ပြောနေတာ လက်တွေ့မှာတော့ ကျွန်တော့်ရင်ထဲမှာ ဆို့နင့်နေခဲ့တာ

'Appa နဲ့လဲတည့်အောင်နေနော်.....ခဏခဏလဲစိတ်ကောက်မနေနဲ့ဦး....သားအတွက်စိတ်ပူမနေနဲ့ဦး....သားအကုန်အဆင်ပြေတယ်....စာလဲသေချာလုပ်တယ်....ထမင်းလဲပုံမှန်စားတယ်သိလား....'

'omma နဲ့ appa အေးနေမှာပေါ့...နွေးနွေးထွေးထွေးနေနော် အအေးမမိစေနဲ့....သားနောက်မှထပ်လာခဲ့မယ်နော်'

'တာ့တာ'

တက်ကြွစွာလက်ပြနှုတ်ဆက်ပီး ကျောခိုင်းထွက်လာခဲ့ပေမဲ့ သစ္စာဖောက်မျက်ရည်တွေကတော့ အတားအဆီးမရှိလွတ်လပ်စွာကျဆင်းနေတုန်းပဲ

ဟင့်အင်း....ကျွန်တော်ငိုလို့မဖြစ်ဘူး....အခုအချိန်မှာ ရှိုက်သံထွက်သွားခဲ့ရင် omma နဲ့ appa ကြားသွားမှာ ....

တယောက်ထဲတွေးနေရင်း ပါးပြင်ပေါ်က မျက်ရည်တွေကို ကျွန်တော် လက်ဖဝါးနဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်

************************************

'မြေးလေး....ထမင်းစားပီးပီလား'

အိမ်ထဲကို ခြေလှမ်းဝင်လိုက်သည်နှင့်တပြိုင်နက်ထွက်လာသော အဘွား၏ အမေးစကား

Except HimWhere stories live. Discover now