Except Him #3

337 35 8
                                    

'JaeHyun Ah ထတော့ အိမ်ရောက်နေပီ'

Win Win ဆီကခေါ်သံ ကြားလို့ မျက်လုံးဖွင့်ကြည့်မိတော့ အိမ်ရှေ့တောင်ရောက်နေခဲ့ပီပဲ

'Awwn ဒါဆိုလဲအိမ်ထဲဝင်ကြမယ်လေ' ဟု အေးဆေးစွာပြောကာ ကားထဲမှဆင်း၍ Win Win ကို စောင့်လိုက်မိသည်...

ဟုတ်သည်လေ ကျွန်တော့်သူငယ်ချင်းအိမ်မှမဟုတ်တာ ကျွန်တော်နဲ့မသိတဲ့ သူရဲ့ အိမ်ထဲကိုတော့ လက်လွတ်စပယ် မဝင်ကောင်းဘူးထင်ပါရဲ့

မတ်တပ်ရပ်နေရင်းနဲ့ပဲ Win Win Bell တီးတာကို ရပ်စောင့်နေလိုက်တယ်

သိပ်မကြာပါဘူး အိမ်ထဲကနေ  ကောင်လေးတယောက် ထွက်လာပီး တံခါးလာဖွင့်ပေးလေရဲ့

သူ့ပုံစံကြည့်ရတာတော့ ကျွန်တော်ပါလာတာကို သိပ်ဘဝင်မကျတဲ့ပုံပါပဲ ဘဝင်မကျလဲမတတ်နိုင်ဘူးလေ ကျွန်တော်ကလဲ သူ့အိမ်ကို လာချင်လွန်းလို့လာတာမှမဟုတ်တာ

Win Win ရဲ့ ပွစိပွစိပြောတာကို မခံနိုင်လို့ မလွှဲသာမရှောင်သာ လိုက်လာခဲ့ရတာလေ

သူ့ဘာသူ ဘယ်လိုပဲ မကြိုဆိုနေနေ ကျွန်တော်ကတော့ သူ့ကို ဂရုစိုက်မနေပဲ အိမ်ထဲကိုလှမ်းဝင်ခဲ့လိုက်တယ်

သူကတော့ ကျွန်တော့်နောက်ကနေ အိမ်တံခါးပိတ်ပီး ကျန်ခဲ့လေရဲ့

'Jaehyun ah မင်းကိုမလာဖြစ်တော့ဘူးလို့ထင်ထားတာ'

ဧည့်ခန်းထဲခြေချလိုက်သည်နှင့် ဝမ်းသာအားရစွာ နှုတ်ဆက်စကားပြောလိုက်သော Doyoung Hyung ရဲ့စကားသံ

'Hyung ကလဲ ကျွန်တော်က Hyung ရဲ့မွေးနေ့ကိုမလာပဲနေပါ့မလား'

ကျွန်တော်ရဲ့အဖြေကို Doyoung Hyung ကျေနပ်သွားတယ်ထင်ပါရဲ့ ကျွန်တော့်ကို
သဘောကျစွာပြုံးပြနေသည်လေ

အခုမှကြည့်မိပါရဲ့ ဒီအိမ်မှာ Taeil hyung နဲ့ Johnny Hyung တို့လဲရောက်နေကြတာပဲ

ကျွန်တော်နဲ့မသိတာဆိုလို့ သူတယောက်ပဲကျန်တော့တယ်

သူ့အတွေးဝင်လာလို့ တချက် မျက်စိကစားမိတော့ ဘယ်အချိန်ကတည်းက ကျွန်တော်နှင့် မျက်နှာချင်းဆိုင်က Sofa ပေါ်မှာ ဝင်ထိုင်နေမှန်းမသိတဲ့သူက ကျွန်တော့်ကို အကဲခတ်သလို စူးစူးစိုက်စိုက်ကြည့်နေလေရဲ့

Except HimWhere stories live. Discover now