Part-2

664 49 4
                                    

တစ်ကျောင်းလုံး စုဝေးပွဲရှိ၍ ကျောင်းသားအားလုံး ဟောခန်းထဲ စုပြုံရောက်ရှိနေကြပြီးစကားပြောသံများနှင့်
ဆူညံနေသည်
ဘာရယ် မဟုတ် ဝေယံတစ်ယောက် ကျောင်းဖွင့်စက တွေ့ခဲ့သည့် ကောင်လေးကိုလိုက်ရှာနေမိသည် မေသင်းသည်လည်း သူမသူငယ်ချင်းများနှင့် စကားပြောနေ၍ သူကို ရှိသည်ဟုပင်မထင်
ထိုင်ရသည်က အတန်းလိုက်ဖြစ်၍ ၅တန်း ကျောင်းသားများထိုင်သည့်ဘက်လျှောက်၍ သွားရှာမိသည်
"အဲသူနဲ့တွေ့တော့ ငါဘာပြောရမလဲ "
"သူက ဘာလာလုပ်လဲ မေးရင် ငါဘယ်လိုဖြေရမလဲ" ဝေယံတစ်ယောက် သွားရနိုးနိုး မသွားရနိုးနိုး ဝေခွဲရင်း ၅တန်း ကလေးများနားရောက်လာသည် ကလေးများသည်လည်း ယခုမှကြုံဖူးသည်ထင် အချင်းချင်းစကားပြောလ်ုက် လျှောက်ကြည့်လိုက်ဖြင့် စည်ကားနေသည်
သို့သော် ထောင့်တစ်နေရာတွင်တော့ ကလေးတစ်ယောက်တည်ငြိမ်စွာ ထိုင်နေသည်
တစ်လောကလုံး သူတစ်ယောက်တည်းရှိသလို မည်သူနှင့်မျှ စကားပြောခြင်းအလျှင်းမရှိ စာအုပ်တစ်အုပ်ကို ဆွဲဆောင်မှုရှိစွာ ကြည့်ကောင်းစွာ ဖတ်နေသည်
ထိုသူသည်ကား သူ၏အနှီကောင်လေး
ထိုကလေးကိုမြင်သည်နှင့် ဝေယံ တုံ့ဆိုင်းခြင်းမရှိအနားသွားနှုတ်ဆက်မိသည်
ထိုကလေးပုံစံသည် သူနှင့်တွေ့စကလို ဖရိုဖရဲမဟုတ် အလွန်တည်င်ြမ်ပြီး စာဖတ်နေသည့်ပုံစံသည် ဆွဲဆောင်မှုရှိလှသည်
"ညီလေး သော်ဇင်"ဝေယံတစ်ယောက် မျက်နှာကို တည်ငြိမ်စွာ အပြုံးပန်းဆင်ရင်း စကားဆိုမိသည် ။
သော်ဇင်လည်းမိမိ နာမည်ခေါ်သံကြား၍ ဖတ်လက်စ စာအုပ်မှ အာရုံဖယ်ရင်းမော့ကြည့်မိသည်
"သြော် ဟိုနေ့က အကို ထပ်တွေ့ပြန်ပြီနော် "
"အင်း ညီလေး အတန်းက အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ "
ဘာ ဟုတ်ကဲ့ ကလေးစုတ်ဖြေပုံကလည်း ချေလိုက်တာမှလွန်ရော ပြောစရာစကားစကို ရှာမရအောင်လုပ်တယ် ငါကဖြင့် သူ့တွေ့ချင်လို့တကူးတကလာရတာကို သူကတော့ဖြင့် ဝေယံတစ်ယောက်စိတ်ထဲမှ ထိုကလေးကိုတီးတိုးကျိန်ဆဲမိသည်
သို့သော်ညား ထိုကလေးအား စိတ်မဆိုးရက်
"ကဲ ကိုယ့်နေရာကိုယ်ထိုင်ကြတော့ အခမ်းအနားစဆော့မယ် "
ဆရာမအသံကြားမှ ဝေယံတစ်ယောက် သတိဝင်လာပြီး စကားဆိုမိသည်
"ညီလေး အကိုသွားတော့မည် နောက်မှတွေ့မယ်နော် "
"ဟုတ်ကဲ့အကို see u"
ဘာနေနေ ထိုကလေးနှင့်တော့ ယခုရင်းနှီးမှုရှိလေပြီ
မင်းအရမ်းကြည့်ကောင်းလွန်းတယ် မိန်းကလေးတွေကြားမကြာခင် popularဖြစ်လာမှာပဲလို့ စိတ်ထဲကနေထိုကလေးကို ဝေယံအမှတ်ပေးမိသည် *
*
*
*
*
*
*
*
*
*
*
ရက်လနှစ်တွေ အတော်များများ ကုန်ဆုံးလာသောအခါမှ ဝေယံ သော်ဇင်ကိုနားလည်လာသည်
ထိုကလေးသည် အချေကောင်လေးမဟုတ် အထီးကျန်လွန်း၍ မရင်းနှီးသူများကို ဖော်ရွေစွာ မပြောတတ်ခြင်းသာ သူတို့နှစ်ဦးရင်းနှီးလာသည်နှင့်အမျှ ဝေယံသော်ဇင်အပေါ်ခင်မင်လာသည် သို့သော် မေသင်းအပေါ်မှ သူ့ခံစားချက်သည်တော့ အရင်အတိုင်းမပြောင်းလဲ (ပြောင်းလဲနေသည်ကို ဝေယံသတိမထားမိခဲ့လေသလား)
မေသင်း
သူမလည်းထူးဆန်းသည် အရင်က သူမအပြင် တခြားသူငယ်ချင်းများနှင့်ဝေယံဖော်ရွေစွာ စကားပြောမိလျှင် အလွန်ပင်စိတ်ဆိုးတတ်သည် သူမအပြင် တခြား သူငယ်ချင်းမရှိရဟုပင် အမိန့်ပေးခဲ့သည် ထိုကလေးကပဲ မေသင်းကို ပြောင်းလဲစေသလား သူမကိုယ်တိုင်ပဲ စိတ်ထား နူးညံ့လာသလား ဝေယံ မဝေခွဲတတ် သော်ဇင်နှင့်ဝေယံရင်းနှီးသည်ကို စိတ်မဆိုးသည့်အပြင် သော်ဇင်အပေါ်တွင် ကြင်နာမှုအပြည့်ပေးသည် ဝေယံပေါ်တွင်တောင် ဤသို့မဟုတ်
တစ်ခါတလေ ဝေယံပင်မနာလိုဖြစ်ရသည်အထိ
ဝေယံသိပါသည် ရိပ်မိနေပါပြီ မေသင်း သော်ဇင်အပေါ်မောင်နှမသူငယ်ချင်းရင်းနှီးမှုထက်ပိုနေလေပြီ သို့သော် သူထုတ်မမေးရဲ သူမအပေါ် သံယောဇဉ်ရှိနေသောသူ့အဖို့ သူမပြောလာမည့် အမှန်တရားတို့ကို ရင်မဆိုင်ရဲ သော်ဇင်ပါ ထိုအမှန်တရားကို သိပြီး သူတို့နှစ်ယောက် လက်တွဲဖြစ်သွားရင်
သော်ဇင်ကရော လှပပြီး နှစ်စဉ်အတိုင်းအပိုးပန်းခံရသော တစ်ကျောင်းလုံးရဲ့ အလှနတ်သမီးပြယုဂ် မေသင်းအပေါ် မယိမ်းယိုင်နိုင်ဘူးဆိုတာ မဖြစ်နိုင် ဒါဆို သူကရော?ဝေယံသည် ရုပ်ရည်ပြေပြစ်ပေမယ့် မေသင်းနှင့်ပတ်သက်၍ ဆက်ဆက်ထိမခံသဖြင့် ကျောင်းတွင် လူဆိုးသွမ်းစာရင်းဝင်သည် စာတော်ပေမယ့်လည်း သူ့ကိုကြောက်ကြ၍ တိတ်တခိုးရင်ထဲ ကြိတ်ကြွေသူများသာပေါများသည် သူ့ရုပ်ရည်သည် မိန်းကလေးတိုင်းကြွေချင်စဖွယ် ယောကျာင်္းဆန်ဆန် ပုံစံပိုင်ဆိုင်ထားသော်လည်းသူတို့သုံးယောက်ဆိုင်ထိုင်ရင် မြင်သူတကာ အနည်းဆုံးနှစ်ခါပြန်ကြည့်ရသော ကလေးပင်ဖြစ်လင့်ကစား လေ့ကျင့်ခန်းလိုက်စားသော သော်ဇင်က ဝေယံနှင့်ပင် ခန္ဓာကိုယ် မတိမ်းမယိမ်း တစ်ခုပဲ အမြဲတမ်း Gymကစားသော ဝေယံလို six pack မရှိခြင်းသာ အခြားသူများအတွက် ပြည့်စုံလွန်းသောဝေယံသည် ရှမ်းတရုတ်ကပြားလူအေးလေးသော်ဇင်နှင့်ယှဉ်ရင် မှေးမှန်သွားရသည် ဟင့်အင်း အာ့လိုမဖြစ်ရပါဘူး မေသင်းက ငါ့အတွက်ပဲ ငယ်ငယ်ကတည်းက မေသင်းအပေါ် အနစ်နာခံခဲ့တာ အခြားသူဆီ ပေးဖို့မှမဟုတ်ဘဲ မေသင်းလည်း သူ့အပေါ်ခဏတာ စိတ်ကစားတာနေမှာပါ ငါလည်း မမေးရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး ဟုတ်တယ် ငါမမေးတော့ဘူး အချိန်ကျရင် မေသင်းနဲ့ငါလက်ထပ်မှာ ဒီလို ကိစ္စလေးအတွက်နဲ့ အပျက်စီးမခံနိုင်ဘူး သော်ဇင်က ငါတို့ဘဝထဲ ခဏလာလည်တဲ့ ဧည့်သည် ဒါကြောင့် ရောက်တုန်းရောက်ခိုက် မေသင်းက အိမ်ရှင်ဝတ္တရားကျေချင်နေတာ ငါ အတွေးတွေလွန်နေတာ
ဝေယံကိုယ့်ကိုကို ပြန်နှစ်သိမ့်ရင်း မေသင်းကို မိမိ ဘယ်လောက်ချစ်လဲ သတိထားမိလာသည် သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းက မေသင်း သူမ မရှိရင် သူ့ဘဝက အမှောင်အတိသာ
*
*
*
*
*
*
*
*
*
*
ထိုအိမ်မက်လေးတွေ နောင်တစ်ချိန်မှာ အကောင်အထည်ပေါ်ပါ့မလား သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းက တစ်ကယ်ပဲ မေသင်းလား??????
Thank you for reading

Game OverWhere stories live. Discover now