Part-3

831 47 7
                                    

ဟာသဉာဏ်ရွှင်သောဝေယံတစ်ယောက် ဒီနေ့တွင်တော့ အလွန်ပင် တိတ်ဆိတ်ပြီး တစ်စုံတစ်ရာကို ဆုံးဖြတ်နေသည် အကြောင်းကားမေသင်း
ဝေယံတစ်ယောက် စာသင်ခန်းထဲတွင် ထိုင်နေသော်လည်း စိတ်က နေရာအနှံ့ပျံလွင့်နေသည် ဆရာပြောသမျှလည်း မကြားတစ်ချက် ကြားတစ်ချက်နှင့် ခေါင်းထဲ မရောက်သည်ကများသည်။
အကြောင်းကား လွန်ခဲ့သောကျောင်းပိတ်ရက် စနေနေ့တွင် သူချစ်ရသူလေးမေသင်းကသူ့အားပြောစရာရှိသည်ဟု ကျောင်းအားကစားကွင်းတွင် ချိန်းဆိုခဲ့ရာမှ အစပြုခဲ့သည်။
အရင်များဆို မေသင်းသည် ဘယ်နေရာသွားသွား သူ့အပြင် သော်ဇင့်ကိုပါ ခေါ်လေ့ လျှောက်လည်လေ့ရှိသော်လည်း ထိုနေ့တွင်တော့ သူနဲ့နှစ်ယောက်တည်း စကားပြောချင်သည် ဘယ်သူမှမသိစေနဲ့ဟု ဆိုလာခဲ့သည်။ ဝေယံ အပျော်ကြီးပျော်ကာ ထိုအချိန်ရောက်ရန်မျှော်လင့်ကာ အချိန်တို့ကို ကြာလွန်းသည်ဟု မေတ္တာပင် ပို့ခဲ့မိသည်။
သို့သော် ထိုအပျော်တို့သည် မေသင်းပြောခဲ့သော စကားတစ်ခွန်းကြောင့် အခိုးအငွေ့များလို တစ်ခဏအတွင်း ရုတ်ချည်းပျောက်ကွယ်ခဲ့သည်။
သူမပြောခဲ့သည်က
"ငါ သော်ဇင်ကိုချစ်နေမိပြီ"တဲ့
တစ်ခွန်းတည်းပါ သို့သော် ထိုစကားလေးက သူ့ရင်ကိုဗြောင်းဆန်စေရုံမက အသက်ဝိဥာဉ် လွင့်ထွက်သွားလောက်အောင် တုန်လှုပ်စေခဲ့သည်။ငယ်ငယ်ကတည်းကအတူတကွ ကြီးပြင်းလာသော ငယ်ချစ်ဦးလေး မေသင်း သူချစ်ရသော တစ်ဦးတည်းသော သူမလေးက ဘာမဟုတ်တဲ့ မနေ့တစ်နေ့ကမှ သိခဲ့သော ကောင်လေးတစ်ယောက်ကို ချစ်သည်တဲ့လေ သူမယုံနိုင် မေသင်းအပြောကို ပြန်လည်တုန့်ပြန်မေခွန်းမထုတ်နိုင်သေး ခေတ္တမျှငိုင်နေမိသည် ပေါက်ကရတွေ မဖြစ်နိုင်တာ မေသင်း ငါ့ကိုနောက်ပြန်ပြီထင်တယ် ကျိုးပဲ့သွားသော မျှော်လင့်ချက် အပိုင်းအစလေးများကို မရမက ပြန်လည်ဆက်ပြီး အံတင်းကာ မေသင်းကို သေချာစေရန်မေးမိသည်။
"မေသင်း နင်ဟာ ဒီလိုကိစ္စမျိုးကကိုတော့ မနောက်နဲ့လေဟာ နင်ကလေးလည်း မဟုတ်တော့ဘူး တော်ရုံနောက်တာပဲ ကောင်း....."
"ငါ နောက်နေတာမဟုတ်ဘူး ဝေယံ"
သူ့စကားပင် မဆုံးသေး မေသင်းတစ်ယောက် ပြတ်သားစွာ ပြောလာသည် သူမ လိမ်နေတာမဟုတ်ကြောင်းလည်း သူမမျက်ဝန်းများကပါ သက်သေခံနေသည်။
ဝေယံမယုံချင်ပါ လက်မခံချင်ပါ သူဟာ မေသင်းအတွက် ဖြစ်တည်လာပြီး မေသင်းသည်လည်း သူ့အတွက် ဖြစ်တည်မည်ဟု ထင်မှတ်ထားသည်။သို့သော် ထို အိပ်မက်လေးကို မေသင်းက စကားတစ်ခွန်းတည်းနဲ့ဖျက်ဆီးလိုက်လေပြီ ။
"တော်ပါတော့ မေသင်းရာ ငါ မယုံဘူးဟာ ပြီးတော့ ငါတို့သိတာဖြင့် တစ်နှစ်ကျော်ပဲ ကြာသေးတာ နင်သူ့အပေါ်စိတ်ကစားတာနေမှာပါ "
ထိုအချိန်ဝေယံမျှော်လင့်ခဲ့မိတာက သူမဆီက သူ့အပြောကို ထောက်ခံသည့်"အင်း"ဆိုသော အဖြေ
သို့သော် သူမပြောခဲ့သည်က "မဟုတ်ဘူး ဝေယံ ငါသူ့အပေါ် စိတ်ကစားနေတာမဟုတ်ဘူး ငါသူ့အရင် အခြားယောင်္ကျားလေးတွေနဲ့ တွေ့ခဲ့ဖူးသလို တွဲခဲ့တာ နင်လည်းအသိပဲ ငါ့ကြောင့်နင်လည်း ခဏခဏပြသနာဖြစ်ခဲ့ရတယ် အဲ့ဒါတွေအတွက် ငါနင့်ကို တကယ်တောင်းပန်ပါတယ်"
"ငါနင့်ဆီက လိုချင်တာ တောင်းပန်တဲ့အဖြေမဟုတ်ဘူးလေဟာ"
"ဘာလဲ ငါက နင့်ကို ကြိုက်နေပါတယ်ဆိုတဲ့ အဖြေလားဝေယံ"
"မေသင်း နင် နင် ငါ............
ငါနင့်ကို ချစ်နေတာ နင်သိနေခဲ့တာလား"
"ငါက လူရှုပ်မလေးပဲဟာ ကိုယ့်အပေါ်ဒီလောက်အရမ်းနစ်နာခံတဲ့သူက ကိုယ့်ကို ကြိုက်နေတယ်ဆိုတာ မသိရအောင် ငါမတုံးဘူးလေဟာ ငါ မသိချင်ယောင်ဆောင်နေခဲ့တာ"
မသိချင်ယောင်ဆောင်နေခဲ့တာတဲ့လားဟာ ငါ့မှာတော့နင့်ကို ချစ်လိုက်ရတာဟာ သိရင်လည်း ငါ့ခံစားချက်ကို အလေးထားလက်ခံပေးသင့်တယ်လေဟာ
"ဘာလို့လဲဆိုတော့ နင်ကငါ့အတွက် အမြဲbffတစ်ယောက်ထက် မပိုခဲ့လို့ပဲ ဝေယံ"
"ငါ တခြားသူတွေရဲ့ နှလုံးသားကို ကစားချင် ကစားမယ် ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကို ကစားရလောက်အောင်အထိ ရက်စက်တဲ့အထဲ ငါမပါဘူး"ထိုစကားတို့ကို သူမ တုံ့ဆိုင်းခြင်းမရှိ အပြုံးနုနုဖြင့် လွယ်ကူစွာ ပြောထွက်နိုင်ခဲ့တယ်
ကျွန်တော်ကသာ သူမ စကားတစ်ခွန်းနားထောင်လိုက်ရတိုင်း အသက်ရှုမဝသော အရေးပေါ်လူနာတစ်ယောက်လို ဖြစ်နေခဲ့သည် နင်လွယ်လွယ်ပြောထွက်လိုက်တာဟာ
"ပြီးတော့ ငါ သော်ဇင့်ကို ချစ်တာ အခုမှမဟုတ်ဘူး နင်သူ့ကို ငါနဲ့စမိတ်ဆက်ပေးခဲ့ကတည်းက
အခုချိန်မှာ နင် ငါနဲ့သူ့ကို မိတ်ဆက်ပေးခဲ့မိလို့နောင်တရနေမယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ငါ့အချစ်အတွက် အတ္တကြီးပရစေ ငါနင့်ကို တောင်းဆိုပါတယ် နင် ငါ့ကို သူနဲ့ အဆင်ပြေအောင် ကူညီပေးပါနော် "
တစ်ခါမှ သူ့ကို ဒီလိုတောင်းဆိုဖို့မပြောနဲ့ အသံနွမ်းနွမ်းဖြင့်ပင် မပြောသောသူမက ယခု ကျွန်တော့်အရှေ့မှာ မျက်ရည်အဝိုင်းသားနဲ့ အရုပ်လိုချင်နေသော ကလေးတစ်ယောက်နှယ် ပူဆာနေလေသည်တဲ့လေ အဟက် အခုချိန် ကျွန်တော် အငွေ့ဖြစ်ဖြစ် နားမကြားသူဖြစ်ဖြစ် ပြောင်းလဲသွားရင် ဘယ်လောက်ကောင်းလိမ့်မလဲ နာရီဝက်ခန့်ကြာမှသာ ဝေယံစကားပြောရန်အားယူနိုင်လေသည်။
"ငါ စဉ်းစားပါရစေအုံး မေသင်း ငါ ချစ်တဲ့သူတစ်ယောက်ကို အခြားတစ်ယောက်လက်ထဲ ရင်အကွဲခံပြီး ထည့်ရမှာ အချိန်ခဏတော့ ငါ့ကို စဉ်းစားခွင့်ပေးပါဟာ ငါ သေချာဆုံးဖြတ်ပရစေ အခုချိန် ငါလည်း နင့်ထက်မနည်း ပူဆွေးသောက ဖြစ်နေတာပါ ငါ့ကို အချိန်ပေးပါအုံးဟာ please"
"ဒါပေမယ့်..... အေးပါဟာ ငါ စောင့်ပါမယ် နင်စဉ်းစားပြီးသွားရင်တော့ ငါ့ကို ကူညီပေးမယ်ဆိုတဲ့ သတင်းကောင်းပဲကြားပါရစေဟာ"
"အေးပါ တစ်ရက်နှစ်ရက်တော့ငါအေးဆေးနားပြီး စဉ်းစားပြရစေနော်"
"ok see u bye"
ထိုနေ့က သူမ ထိုစကားတွေနှင့် ထိုးနှက်ကာ ကျွန်တော့်ရင့်ကိုခွဲပြီး နှလုံးသားကို ဆုတ်ဖြဲခဲ့သည် ဖြစ်နိုင်ရင် ကျွန်တော် သတ်သေချင်မိသည်အထိဆုံးဖြတ်ခဲ့သည် သို့သော် သူမ ပျော်ရွှင်ဖို့အတွက် သူမကို ပါရမီဖြည့်ဖို့အတွက် ကျွန်တော် အသက်ရှင်ရမည် ဖြစ်၍ ယနေ့အထိ အသက်ရှင်နေခြင်းသာ
နာရီစက္ကန့်မိနစ်ပေါင်း များစွာ ကြာပြီးချိန်မတော့ ဝေယံ တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့လေသည်။
ဤသည်ကားးး
*
*
*
*
*
*
*
*
*
*
bye မအားလို့ နောက်အပိုင်းတွေအေးဆေးမှupတော့မယ်နော် ဖတ်ရှုသူအားလုံးကျေးဇူးပါ်

You've reached the end of published parts.

⏰ Last updated: Aug 26, 2017 ⏰

Add this story to your Library to get notified about new parts!

Game OverWhere stories live. Discover now