Part-1

1.2K 59 2
                                    

  ကောင်လေးနှစ်ယောက်၏ အချစ်သည် အထက်တန်းကျောင်းလေးတွင် အစပြုခဲ့လေသည်
*
*
*
*
*
*
*
*
*
*
       အုံမှိုင်းနေသော မိုးကောင်းကင်ကို အံတုလျက် ဝေယံတစ်ယောက် ဝီရိယကြီးကာ အစောထ၍ ကျောင်းသွားရန် ပြင်ဆင်လေပြီ
အချိန်သည် ဇွန်လ၆ရက် မနက် ၅နာရီတိတိ
အမေဖြစ်သူ ဒေါ်သန့်ရီတစ်ယောက် စာသင်နှစ် စတိုင်း ဤကဲ့သို့ ဝီရိယ အကြီးလွန်ပြီး ဖျားတတ်သော သားဝေယံအား သတိပေးရလေပြီ
"သားဝေယံ အခုမှ မနက်၅နာရီပဲရှိသေးတယ် ရေချိုးနေတော့ ဖျားကုန်မယ်လေ ၇နာရီလောက်မှ ချိုးလည်း မှီပါတယ်ကွယ်"

"ဟာ မေမေကလည်း သားကျောင်းဖွင့်တိုင်း ဒီလို လုပ်နေကြပဲဟာ ဘာမှမဖြစ်ပါဘူးဗျာ
ပြီးတော့ မေသင်းကို သွားခေါ်ရအုံးမှာ သူက သားနောက်ကျမှရောက်လာရင် အော်လိမ့်မယ်ဗျ မေမေလည်း သူ့အကြောင်းသိတာပဲဟာ "

"အေးပါကွယ် မေမေက စိတ်ပူလို့ပြောတာပါ အကြာကြီးတော့ မချိုးနဲ့နော် မေမေ အောက်ထပ်မှာ ထမင်းပြင်ထားမယ် "

"ဟုတ်ကဲ့ မေမေ"

ဝေယံတစ်ယောက် ထမင်းစားသောက် အဝတ်အစားလဲပြီးသောအခါ ၇နာရီပင်ခွဲလေသည်
"မေမေ သားသွားပြီ ဖေ့ဖေ့ကိုရော နှုတ်ဆက်သွားတယ်လို့ "
"အေးအေး ဂရုစိုက်သွားသား"

ဤသို့ဖြင့် ဝေယံတစ်ယောက် သူငယ်ချင်းမလေး ရှိရာ တစ်ဖက်ရပ်ကွက်သို့ စက်ဘီးတစ်စီးဖြင့် ထွက်ခွာခဲ့လေသည်

မေသင်းခိုင်
ထိုကောင်မလေးသည် ဝေယံ မူလတန်းကတည်းက သံယောဇဉ်ရှိခဲ့သူလေး သို့သော် အထက်တန်းအစ အသက်ရလာသည်နှင့်အမျှ သူမအပေါ်သူငယ်ချင်းထက် ပိုကြောင်း ဝေယံမိမိကိုယ်ကို သတိထားမိခဲ့သည်။
သို့သော် သူငယ်ချင်းမလေးသည် မိမိ အပေါ်ဆိုးနွဲ့အနိုင်ယူတတ်သောကြောင့် ယခုသူတို့ ၈တန်းရောက်သည့်တိုင် ဖွင့်မပြောရဲ သူ၏နုနယ်သော အချစ်ကို သူငယ်ချင်းမလေးမယုံကြည်မှာတစ်ကြောင်း မေသင်းဘေးတွင် အဖြည့်ခံအဖြစ်သာ သူမပျော်ရွှင်အောင် ဖြည့်ဆည်းပေးခဲ့သည်
မေသင်းသည်လည်း တစ်ဦးတည်းသော သမီးဖြစ်သည့်အလျောက် မာနခေါင်ခိုက်နေတတ်ပြီး ဝေယံအပေါ် အမြဲအနိုင်ယူတတ်သည် သို့သော် ဝေယံကို အလွန်သံယောဇဉ် ရှိရှာသည်။
မိမိနှင့်ဝေယံရဲ့သူငယ်ချင်းသံယောဇဉ်ကို ခုတုံးလုပ်ပြီး ဝေယံအပေါ် ဒဏ်ရာများစွာပေးမိမည်ကို ကြိုသိခဲ့လျှင် ဝေယံအပေါ် အစကတည်းက အရှုံးပေးခဲ့မည်သာ...................................်

Game OverWhere stories live. Discover now