~~~~~~Part-1~~~~~~
မီး မီးဆိုတဲ့အရာဟာကျွန်တော့်ဘဝရဲ့အရွံမုန်းဆုံးအရာတစ်ခုကျွန်တော်ဘဝအလင်းရောင်ပျောက်နေတာကြာခဲ့ပြီ
ဟိုး ~~~~ကလေးဘဝထဲကခုချိန်ထိဆိုပါတော့ကျွန်တော်ဘဝရဲ့ကံဆိုးခြင်းတွေကိုမီးကအစပြုခဲ့တယ်
ကျွန်တော်၁၂နှစ်သားအရွယ်မှာကျွန်တော်တို့်အိမ်လေးမီး
လောင်ခဲ့တဲ့ အဲ့မီးဆိုတဲ့အရာကကျွန်တော့်အချစ်ဆုံးအမေ့ကို
ခေါ်ဆောင်သွားခဲ့တယ်ရက်စက်လိုက်တာဗျာဘာလို့လဲ ဘာလို့ကျွန်တော်ဆီကိုမှ အဲ့ကံဆိုးခြင်းက ရောက်လာရတာလဲ
မုန်းတယ်အဲ့မီးဆိုတဲ့အရာကိုမုန်းတယ်
အဲ့မီးဆိုတဲ့အရာကကျွန်တော်ဆီထပ်ရောက်လာလိမ့်မယ်လို့
တွေးတောင်မတွေးမိခဲ့ဘူး"ငြိမ်းချမ်း...မင်းဘယ်လိုလုပ်လိုက်တာလဲ
ဧည့်သည်ကိုပြန်တောင်းပန်လိုက်"ကျစ်!လာပြန်ပြီဒီစကား
"ကျွန်တော် မတောင်းပန်နိုင်ဘူး"
"ဘာ!!မင်းမတောင်းပန်ဘူးဆိုဒီအလုပ်ကနေခုချက်ချင်းထွက်သွား"
"သွားမှာပါခင်ဗျားမပြောလဲ"
ကောင်လေး တစ်ယောက်ဒေါသတစ်ကြီးဆိုင်ထဲမှထွက်လာခဲ့တယ်
တောက်!ဒီအလုပ်လဲအဆင်မပြေပြန်ဘူး
ဒီလအတွင်းအလုပ်ပြောင်းနေရတာတစ်ခုလဲမဟုတ်နှစ်ခုလဲမဟုတ်စိတ်ပျက်ပျက်နဲ့ပလတ်ဖောင်းဘေးတစ်နေရာတွင်ထိုင်ချလိုက်ကာ
ခန္ဓာကိုယ်ထဲကလေပူတစ်ချက်မှုတ်ထုတ်ရင်းစိတ်ဖြေလိုက်တယ်
တစ်နေရာကိုလှမ်းကြည့်မိတော့ဓာတ်တိုင်ဘေးနားကအုတ်ကြားထဲမှာပေါက်နေတဲ့မြက်ပင်လေးတစ်ပင်
ငြိမ်းချမ်းအောင်ဆိုတဲ့ငါကအဲ့မြက်ပင်လောက်တောင်တန်ဖိုးမရှိဘူးလို့ ဘာလို့ခံစားနေရတာလဲနမည်နဲ့ဆန့်ကျင်တဲ့
ပူလောင်မှုတွေနဲ့ခုချိန်ထိရင်ဆိုင်နေရတယ်
ဘယ်တော့မှများအေးချမ်းနိုင်မလဲ
YOU ARE READING
🔥My Love is On Fire🔥
Romansaမီးဆိုတဲ့အရာဟာလူသားတွေအတွက်မိတ်ဆွေဒါမှမဟုတ်ရန်သူ နှစ်ခုစလုံးလဲဖြစ်နိုင်တယ် အချစ်ဟာမီးလိုပဲပူတယ် ပူလောင်တဲ့အချစ်ကိုပဲရူးသွတ်နေတဲ့သူ ကမနည်းမနော ဘာလို့မီးကိုမှဆော့ကစားချင်ရတာလဲ အပူခံလောင်ကျွမ်းခံနေကြတာလဲ ငါသိလိုက်တာက အချစ်...