⭐️10⭐️

769 97 5
                                    

သာယာသောနေ့တစ်နေ့မို့ လမ်းပေါ်ရှိလူတိုင်းက စိတ်ကြည်
လင်နေကြသည်ထင်သည် .. ပျော်ရွှင်စွာ မိမိတို့အလုပ်ခွင်
ရှိရာသို့သွားနေကြသည် .. ကလေးငယ်ကိုလက်ကဆွဲကာ
မူကြိုလိုက်ပို့နေကြသော မိဘများ .. လွယ်အိတ်တစ်လုံး
စာအုပ်တစ်ပွေ့တစ်ပိုက်နှင့်ကျောင်းသွားကြသော ကျောင်း
သားများ .. သူတို့အားလုံးဆီက တက်ကြွလန်းဆန်းမှုကို
မြင်နေရသည် ... ထိုအချိန်တွင်တော့ Exo dorm တွင်
မတက်ကြွမလန်းဆန်းနိုင်ဖြစ်နေသော ကောင်လေးတစ်
ယောက်ရှိလေသည် ။

" Hyung ~~~ Suho hyung ~~~~ "

အိပ်နေသည့်သူနားသို့သွားကာ နားပူနားဆာလုပ်နေသော
Chan ကိုသူသည်းမခံနိုင်တော့ ။

" ဘာလဲကွာ .. ဒီမှာအိပ်ကောင်းနေတာ ကောင်လေးရ "

" ကျတော်ပြောတာ နားထောင်ပြီးမှပြန်အိပ်စမ်းပါ hyung ရာ
တစ်ဆိတ်လောက် "

" တစ်ဆိတ်လည်းမရဘူး .. တစ်အိတ်လည်းမရဘူး ..
မသောက်ထားဘဲ လာမရစ်ပါနဲ့ကွာ "

" hyung !!! အဲ့လိုလား ?  မနက်ဖြန်ဘာနေ့လဲဆိုတာ မသိတာလည်းမဟုတ်ဘဲ ! "

" အယ် ... ဘာနေ့လဲ ? "

" hyung ရဲ့ black card ကြီးသုံးမရမယ့်နေ့ ! Member တွေအကုန်လုံးစကားနားထောင်မယ့်နေ့ ! ဟာဗျာ
Wu yifan hyung ကြီးနံနံပင်စားမယ့်နေ့ဗျာ "

" မနောက်စမ်းနဲ့ Chan ရာ .. အကောင်းမှတ်လို့ "

" Baekhyunee မွေးနေ့လေဗျာ .. သူသာသိရင် စိတ်မကောင်းဖြစ်မှာ hyung တို့မမှတ်မိရကောင်းလားဆိုပြီး "

" အာာ .. အခုမှ မနက်အစောကြီးပဲရှိသေးတာ Chanyeol ရာ
ပြီးရင် Baekhyun ကသူ့ Aeri တွေနဲ့ပွဲရှိတယ် ..
ငါတို့အကုန်လုံးလည်း schedule ကိုယ်စီနဲ့လေ ...
ငါလည်း drama ရိုက်ရမယ် ... Sehun လည်း variety show
ရှိတယ် .. အဲ့ပွဲလိုက်မသွားနိုင်တော့ dorm ပြန်ရောက်မှ
ကိတ်ခွဲကြမယ်လို့ စီစဉ်ပြီးသားလေ !
မင်းဘာဖြစ်ပြန်တာလဲကွာ ..? "

"  တုံးရန်ကော ! Surprise လေ surprise!!! "

" မင်းပြောချင်တာ ဒါလား ? Surprise ? "

ပြောရင်း လက်ညှိုးနဲ့လက်မကိုဝိုင်းကာ မော့သောက်သည့်
ပုံလုပ်ပြသည် .. Chanyeol ခဏကြောင်ကာ ခေါင်းငြိမ့်လိုက်
မိသည်ထင်သည် .. ထိုအခါမှဝမ်းသာအားရနဲ့

*အမွှေစိန်များနှင့် Angel Omma* (completed)Where stories live. Discover now