⭐️ 11 ⭐️

700 106 14
                                    

" Baek ... Baek "

" ဘာလဲ ... Chan , မြန်မြန်ပြော ငါသွားစရာရှိသေးတယ် "

" အင်း .. ခုနက ဘာလို့စိတ်ဆိုးသွားတာလဲ ? "

" ဘာမဟုတ်ဘူး .. ဒီတိုင်း ။ စားလို့မှမကုန်တော့တာ "

" ဪ .. ကလေးကျနေရော ။ ဒါများ ကိုယ့်ထဲထည့်လိုက်
ပေါ့ "

" တော်စမ်းပါ ... ခုတောင် ဝက်ဖြစ်နေတဲ့ဟာ !
မင်းမျက်နှာလည်းပြန်ကြည့်ဦး .. ဖောင်းကားစားမောင်မောင်
ဖြစ်နေပြီ .. ဗိုက်ကလည်း အဟင်း "

Baekhyun ပြောနေရင်း မျက်လုံးကသူ့ဗိုက်ဆီရောက်လာ
တော့ လက်နဲ့အမြန်ကာပြီး ကိုယ်ကိုမတ်လိုက်ရသည် ။

" ဘာ .. ဘာလဲ ! ဒီဟာက gym ဆော့လိုက်ရင်
ပြန်..ပြန်ပျောက်သွားမှာ "

သူ့ one pack လေးကိုပွတ်ရင်းပြောရှာသည် ။

" ကဲ .. ဖယ်ဦးကွာ .. သွားတော့မယ် "

" စောစောပြန်လာနော် "

" အေး "

သူထွက်သွားမှ ပြင်လက်စအထုပ်ကိုဖွင့်ရသည် ။
အင်း ... ဘာထုပ်လဲဆိုတော့ လက်ဆောင်ထုပ် ။
အထဲမှာ ဘာပါလဲ သိချင်လား ???  ခန့်မှန်းကြည့်လေဗျာ
ဒီတိုင်းတော့မပြောနိုင်ပေါင် ... hint ပေးမယ် ..
သူ့ရဲ့သက်တမ်းကုန်ဆုံးရက်က အကန့်အသတ်မရှိတဲ့ဗျာ !
ကဲ .. ခေါင်းစားကြပေတော့ ။ ကျတော်တော့ Kyung Soo
Hyung ကို ဟင်းကူချက်ပေးလိုက်ဦးမယ် ။

###############

" Hyung ~ today menu? "

" Baekhyunee ကြိုက်တတ်တဲ့ဟာလေးတွေတော့ချက်
ထားတာပဲ ... ဘာထပ်ချက်ဦးမလဲ Chanyeol ya ?
အရင်နှစ်တွေလိုဆိုင်မသွားတော့
ဘာထပ်ပြင်ရမှန်းမသိတော့ဘူး "

" ဟာ ~ ငါပြောတယ်လေ ! မုန့်ဟင်းခါးပါဆို ~
မွေးနေ့မှာသောက်သင့်တဲ့ အထူးကောင်းမွန်တဲ့
အရသာနဲ့ မုန့်ဟင်းခါး "

ရုတ်တရက်ကြီး သူ့မုန့်ဟင်းခါးလာချက်ခိုင်းနေပြန်ပြီ ။

( Wu Kris ကို မြန်မာမုန့်ဟင်းခါးကြော်ညာရိုက်ခိုင်းထား
တာများလား Lol )

" မီယောဂုလုပ်ပြီးပါပြီ ... မုန့်ဟင်းခါးကမွေးနေ့မှာသောက်ရ
တာဟုတ်လို့လား ? "

*အမွှေစိန်များနှင့် Angel Omma* (completed)Where stories live. Discover now