⭐️9⭐️

1.2K 133 17
                                    

Suho : ကလေးတို့ ... ငါတို့ဒီနှစ်မေလမှာ သွားဖျော်ဖြေရမယ့်
နိုင်ငံအကြောင်းသိပြီးကြပြီလား ???

Baekhyun: သိတာပေါ့ ... မီယမ်မာလေ !

Chanyeol: သာယာပြီးအရမ်းလှတယ်ဆိုပဲ ...
L လေးတွေလည်းအများကြီးပဲတဲ့ .. ရင်ခုန်လာပြီ ဟီး

Kris : ဟိုးထား ဆရာ ! သူတို့နိုင်ငံအကြောင်းရော
လေ့လာထားရဲ့လား ?

Tao : ကျတော်သိတယ် ! အဲ့မှာ ကျတော်စားချင်တဲ့
အစားအစာ တစ်ခုရှိတယ် ! စားချင်တယ်ဆိုတာထက်
တကယ်တော့ သူ့ရဲ့အသွင်အပြင်ကိုပိုစိတ်ဝင်စားတာ !

Luhan : အိုလမို ~ ဘယ်လိုပုံတုန်း?

Tao : အင်း .... သူ့ပုံစံက .... ရှည်ရှည်ကြီးနဲ့

All : ရှည်ရှည်ကြီး ???

Tao : ပြီးတော့ တောင့်တင်းမာကြောမယ့်ပုံပဲ

All : တောင့်တင်းမာကြော ???

Tao : အင်း .... သူက ဘာနဲ့တူလဲဆိုရင် ...

All : ဘာနဲ့တူလဲ ???

Tao : သံကြိုးမပါတဲ့ နံချပ်ကူနဲ့တူတယ် !
ရိုက်လို့ကောင်းလိုက်မယ်ဖြစ်ချင်း ! အဟင်းဟင်း !

D.O. : အမ် ... အဲ့လောက်မာတာ ဘယ်လိုစားမှာလဲ ?

Tao : အာ ~ အဲ့လောက်မပိန်းနဲ့လေ ! အခွံခွာစားရမှာပေါ့ !
သူတို့ခွာပြထားတာတော့ လှသား ! ပန်းပွင့်ရဲ့အဖတ်လေးတွေနဲ့တူတယ်

Kai : နာမည်ကရော ?

Tao : ဘယ်သိမလဲ ! သူတို့ဘာသာစကားမှ ငါမဖတ်တတ်တာ ! Fb ကရှာတွေ့တာ !

ကောင်းရော ! Suho omma ကြီးသက်ပြင်းချလိုက်သည်။
ပြောချင်ရာပြောကြတော့ ဆိုသည့်သဘောနှင့် ဆက်နား
ထောင်နေလိုက်သည်။

ထိုအခါ အိပ်ငိုက်နေသော Yixing မှထလာကာ

Xing : ငါသိတယ် ~ မြန်မာဆိုတာ ငါတို့တရုတ်ရဲ့
အိမ်နီးချင်းနိုင်ငံကွ ! မင်းတို့ကို သူတို့စကားသင်ပေးမယ်
အချင်းချင်းစနှုတ်ဆက်ကြပြီဆိုရင် " မင်ဂါလာပါ " လို့
ပြောရတယ် ! ပြောကြည့်ကြစမ်း ~~

Chen : မင်ဂလာပါ ~~~ အာာ ရာာာ ဟာာာ ~~~~~

Xing : ငင့် .... high note တွေမလိုဘူးသိလား !
ပုံမှန် ... ပုံမှန်လေးဆို ရပြီနော် ..... 😫

*အမွှေစိန်များနှင့် Angel Omma* (completed)Tempat cerita menjadi hidup. Temukan sekarang