Warrior of Empire (ep-10)

277 31 2
                                    

ဒီနေ့လေးက နန်းတော်ထဲမှာ အစေခံလေးတွေ အလုပ်ရှုပ်နေပြီလေ
yixing တို့ဆက်သတဲ့ သေရည်နဲ့ ညမှာ ပျော်ပွဲရွှင်ပွဲလုပ်မှာဆိုတော့ အကုန်လုံးသူ့အလုပ်နဲ့ သူအလုပ်ရှုပ်နေကြတာပေါ့
Suho တို့အတွက် အခွင့်အရေးတွေအများကြီးရလာခဲ့ပြီလေ

yixing လည်း ဗျူဟာခင်းဖို့အတွက် suho,soo,kai တို့နဲ့ အတူတိုင်ပင်ကြပြီလေ

sui : xing ah...ဒီနေ့ညပွဲမှာ ကချေသည်လေးတွေပါတယ် အဲ့တော့ sui နဲ့ soo က ကချေသည်အနေနဲ့ kim yong man နဲ့ lee soo man ရဲ့ အနားကို ကပ်မယ်

yixing : sui အဲဒီအစီစဉ်မကောင်းဘူး  အန္တာရယ်များတယ်

kai : ကျွန်တော်လည်း အဲ့အစီအစဉ်ကို သဘောမကျဘူး

sui : အဲ့ဒါဆိုရင် sui တို့ သူ့တို့နားကပ်လို့ရမှာမဟုတ်ဘူး

soo : ဟုတ်တယ် unnie ပြောတာမှန်တယ်

နောက်ဆုံးခေါင်းမာနေတဲ့ suho ကြောင့် yixing နဲ့ kai လည်းမငြင်းတော့ပေ

****************************
အချိန်တွေကတော့တဖြည်းဖြည်းကုန်ဆုံးလာနေပြီ 
ထိုအချိန်တွင် ကချေသည်လေးတွေက နန်းတော့ကိုဝင်လာကြပင်မယ့် ပွဲကမစသေးတာနဲ့ suho နဲ့ soo လည်း ကချေသည်လေးတွေကို အကူအညီတောင်းလိုက်တယ်..
ကချေသည်ခေါင်းဆောင် yoona က soo နဲ့ သိနေတော့ ကံကောင်းသွားတာပေါ့ yoona က အကုန်ကူညီပေးခဲ့တယ်

yixing နဲ့ Kai ကတော့ ပွဲစတော့မှာမို့ မူးမတ်တွေနဲ့အတူထိုင်နေကြပင်မယ့် suho နဲ့ soo ကိုဘဲစိတ်ပူနေခဲ့တယ် ထိုအချိန်တွင် kim yongmanနဲ့ lee soo man လည်းလာရင် အကုန်လုံး သေရည်တွေငှဲ့ပေး ခွက်တွေတိုက်ပြီးသောက်လိုက်ပင်မယ့် yixing နဲ့ kai ကတော့ တကယ်မသောက်ဘဲ သောက်ချင်ရုံဘဲ ဟန်ဆောင်ခဲ့တယ်
ထိုစဉ် ဗုံတီးသံတွေနဲ့အတူ ကချေသည်လေတွေဝင်လာခဲ့တယ်

သီချင်းသံနဲ့အတူ Suho နဲ့ soo ကတော့ ပျော့ပျောင်းလှပစွာ ကနေစဉ်
yixing တစ်ရောက် suho အလှမျောနေရော ထို့အတူပင် kai လည်း soo အလှမျောနေရော kai အနေနဲ့ soo ကို ဒီလိုကတတ်လိမ့်မယ်လို့မထင်တာ
ကြောင့်အံ့သြပြီးငေးနေမိတယ်

suho နဲ့ soo ရယ် ကျန်တဲ့ ကချေသည်လေးတွေအကုန် ပုဝါ အပါးလေးတွေမျက်နှာမှာအုပ်ထားတော့ kim yongman နဲ့ lee soo man က မမှတ်ကြဘူးလေ

Empire Of WarriorWhere stories live. Discover now