5

1.3K 76 0
                                    

နှလုံးသားဖြင့်​ဖန်​ဆင်း​သော
-------------------------------------

ည ခင်း​အေး​ချမ်းတဲ့ ညပါ
လ​ရောင်​က တခြားအလင်းကူစရာမလို​အောင်​ဖြာ ကျ​နေသည်​

အိမ်​အပြင်​ဘက်​ခြံထဲ ရှိ ထို​င်​ခုံ​ပေါ်တွင်​ဂစ်​တာတလက်​နဲ့​ကောင်​မ​လေး တ​ယောက်​

Jungရဲ့​တေးသွားတခုတီးခတ်​ရင်း သီချင်းဆိုသံ​လေးက​အေးချမ်း​သောညနဲ့လိုက်​ဖက်​စွာ
ချို မြိန်​လို့​နေသည်​

jiအခန်းထဲစာဖတ်​နေရာမှ​ခေါင်း​ထောင်​လာသည်​

အပြင်​သို့ထွက်​ကြည့်​လိုက်​ရာ jung တ​ယောက်​ဂစ်​တာတီး​နေသည်​ကို​တွေ့ရသည်​

ji camera ကို ယူကာ
jung မသိ​အောင်​အနီးကပ်​ဆွဲ ခိုးရိုက်​လိုက်​သည်​

လ​ရောင်​နဲ့ သူမ ကအရမ်းလိုက်​ဖက်​လွန်းလှသည်​

ထို့​နောက်​jung သီးချင်းဆိုတာရပ်​လိုက်​ပြီး
ဂစ်​တာကို​ထောင်​ကာပိုက်​လျှက်​ခုံ​ပေါ်ကိုမှီပြီးငြိမ်​နေသည်​

ji>> wae ဘာဖြစ်​တာလဲ ဘာလို့ ငိုင်​သွားတာလဲ

jung အ​တွေး​တွေစိုးမိုး​နေသည်​သူမ ဘာ​တွေ​တွေး​နေရသည်​ဆိုတာ သူမကလွဲပြီးဘယ်​သူမှမသိ ပါ သူမ ရင်​ထဲမှာတစုံတခုရှိ​နေပြီး
ထိုတစုံတခု ကို အမြတ်​တနိုး ဖြစ်​နေမိသည်​
ဟု ခုတ​လော ပို​သေချာလာလျှက်​ပိုပိုပြီးရိပ်​မိလာသည်​ထိုအရာနှင့်​jung ဖြစ်​နိုင်​ခြင်း
ရှိမည်​မဟုတ်​ဆိုတာ jung သိသည်​ထို့​ကြောင့်​
jung ရဲ့ခံစားချက်​နဲ့တိုက်​ဆိုင်​သောသီချင်းကို
ဆိုညည်း​နေခြင်းပင်​
တစုံတခု ဆိုတာထက်​တစုံတ​ယောက်​ဆိုရင်​
ပိုမှန်​မယ်​လို့​တွေး ရင်း ရင်​ဘတ်​လေး​ပေါ် လက်​က​လေးတင်​ဖိထားလိုက်​သည်​

ဒီတိုင်းပဲ​နေ ဒိထက်​ပိုမလာနဲ့ ဟုစိတ်​ကိုသတိ​ပေးလိုက်​ရင်း ငြိမ်​နေလျှက်​ဖြည်းဖြည်း jung အိပ်​ပျော်​သွားသည်​

ji က jungကိုအ​ပေါ်ထပ်​က​နေလှမ်းကြည့်​နေတာjung မသိပါ jung ငြိမ်​သက်​နေတာကို ကြည့်​ရင်း ji ရင်​ထဲမှာဝမ်းနည်း သလိုလို​တောင်​ဖြစ်​သွားသည်​ဘာမှလဲမဆိုင်​ပါပဲနဲ့ ဘာ​ကြောင့်​ထိုခံစားချက်​ကစိုးမိုးရတာပါလဲ လို့ jiစဉ်းစားမိသည်​jung ရင်​ဘတ်​ပေါ်လက်​က​လေးနဲ့ဖိ
ထားတာကို​တွေ့လိုက်​သည်​လေ
jungဘာ​တွေဖြစ်​နေလဲ jung တ​နေရာရာက
နာလို့လားလို့ ji​တွေးရင်း​အောက်​ထပ်​ကို​ပြေးဆင်းသွားသည်​

နှလုံးသားဖြင့်​ဖန်​ဆင်း​သောWhere stories live. Discover now