11

1.4K 57 2
                                    

နှလုံးသားဖြင့်​ဖန်​ဆင်း​သော
-•°•-•°•-•°•-•°•-•°•-•°•-•°•-•°•-

ခြံထဲမှာသီးသန့်​သပ်​သပ်​ဆောက်​ထား​သောpractice room​လေးထဲတွင်​
ji တို့ က​လေ့ကျင့်​နေကြသည်​
သီချင်းအသစ်​တွေလဲဖန်​တီးထားကာ
jung လုံးဝ​ကောင်းလာတာနဲ့ ပရိတ်​သက်​ကို
ချပြဖို့ပြင်​ဆင်​ရသည်​

jiတို့အကကျင့်​နေကြချိန်​jung က​ခြေ​ထောက်​အတွက်​လေ့ကျင့်​ခန်းဆင်း​နေကြသည်​

jung​ခြေ​ထောက်​က ဒုတ်​ကောက်​ကူစရာမလို
ကိုယ့်​ဘာကိုယ်​လမ်း​လျှောက်​နေနိုင်​ပါသည်​
ဒါ​ပေမယ့်​ထော့နဲ့​ထော့နဲ့ဖြစ်​နေတုန်းမို့
ဆရာဝန်​က​လေ့ကျင့်​ခန်း မှန်​မှန်​လုပ်​ပြီး
​ဆေး​သောက်​မပြတ်​ဖို့မှာထားသည်​
ပြန်​ကောင်းဖို့လဲမကြာ​တော့​ချေ

ji တို့အကတိုက်​ရာက​နေကြစဉ်​jung က​ဘေးနားမှာ​လေ့ကျင့်​ခန်း​ပေး​နေရသည်​
သူမြန်​မြန်​ပြန်​ကောင်းချင်​ပြီ

အကတိုက်​ချင်းကိုလက်​စသတ်​လိုက်​ပြီး

ji က jung ဆီ​ပြေးသွားကာ
jung တ​ယောက်​ထဲ​လေ့ကျင့်​နေတာကို​ပြေးကူသည်​

ji>> အဆင်​ပြေရဲ့လား

jung>> အင်း
jiကို​မော့ကြည့်​လိုက်​ပြီး

​ချွေး​တွေချည်းရွဲနစ်​နေတာပဲ ဟုဆိုကာ
အနီးရှိတဘက်​လေးနဲ့ သုတ်​ပေးလိုက်​သည်​

hyoတို့လဲ jung ဆီ​ရောက်​လာပြီး

အဆင်​ပြေရဲ့လား နာ​နေ​သေးလား

jung>> မနာ​တော့ပါဘူး​ရပါတယ်​

q>>​လောကြီးပြီးတအားလုပ်​မ​နေနဲ့
​တော်​ကြာ ဒဏ်​ဖြစ်​သွားမယ်​ခဏနားဦး ဟုဆိုကာ
jung​ခြေ​ထောက်​ပေါ်​လေ့ကျင့်​ရန်​တင်​ထား​သော
စတီးကွင်း​လေး​တွေကို ဖယ်​ပေးလိုက်​သည်​

jiက​မြောက်​ထား​သော jung​ခြေ​ထောက်​လေးကို  အသာပြန်​ချ​ပေးလျှက်​

ji>> unnie​ဖြေး​ဖြေးချ​နော်​

jung>>  ရတယ်​ဘာမှမဖြစ်​တော့ဘူး

hyo က ji အဖြစ်​သဲချက်​ကို အမြင်​ကပ်​လာကာ
hyo>> yarryarr အဲ့​လောက်​မလို​တော့ဘူး
jung ကအ​တော်​ကောင်း​နေပြီ
မယုံရင်​ဒီမှာကြည့်​

နှလုံးသားဖြင့်​ဖန်​ဆင်း​သောWhere stories live. Discover now