12

1.3K 57 0
                                    

နှလုံးသားဖြင့်​ဖန်​ဆင်း​သော
🙆🙆🙆🙆🙆🙆🙆🙆🙆

​နှင်းတချို့ဖြင့်​အေးမြ​နေ​သော
ဟန်​မြစ်​ကမ်းသည်​ည​နေခင်း​နေဝင်​ချိန်​မှာ​တောင်​သာယာလှပ​နေ​ပြန်​ပါသည်​

မြစ်​ကမ်း​ဘေးတ​လျှောက်​ပြုလုပ်​ထား​သော​
​အုတ်​ဘောင်​လေး​ပေါ်မှာ​တော့​ဘေးချင်းကပ်​ထိုင်​ကာ တ​ယောက်​လက်​တ​ယောက်​တင်းတင်းဆုပ်​ကိုင်​ထားပြီး လက်​မ ဖမ်းတမ်း ကစား​နေသည့်​
​ကောင်​မ​လေး၂​ယောက်​

ထို၂​ယောက်​သည်​နှင်းတို့ဖြင့်​သန့်​စင်​နေ​သော
ည​နေခင်းနဲ့အပြိုင်​သူမတို့ရဲ့ လှပ​သောသွားတန်း​လေးများ​ပေါ်​အောင်​ရယ်​မောရင်း​ပျော်​ရွှင်​နေပါသည်​သူမတို့ကိုမြင်​လျှင်​တခြားသူ​တွေပါအ​ပျော်​ကူးစက်​သွားမှာ​သေချာ​လောက်​သည်​

နှင်းစက်​လေးတချို့တွဲခို​နေ​သော ji ဆံနွယ်​လေးကို သန့်​ရှင်း​ပေးရင်း​
jung>> ji na မ​အေးဘူးလား
လက်​က​လေး​တွေ​တောင်​အေးစက်​နေပြီ

လို့​ပြောရင်း ji yeon လက်​က​လေး​တွေကို သူမနှုတ်​ခမ်းနား ကိုယူကာ အာ​ငွေ့​ပေး​နေပြန်​သည်​

ဒီလိုကြင်​နာမှု​တွေ​ကြောင့်​ji unnie ကို ပိုလို့​တောင်​ချစ်​ရပါသည်​

ji>>unnie​ရောတူတူပဲ​အေး​နေတာ ဒီမှာကြည့်​ပါဦး လက်​ဖဝါး​လေး​တွေ​အေးလွန်းလို့​သွေး​တောင်​မရှိ​တော့ဘူး

Jiလက်​ကိုဆုပ်​ကိုင်​ကာ အ​နွေးဓာတ်​ပေး​နေ​သော jung လက်​လေး​တွေ ကို လဲ ji ပြန်​လည်​အ​နွေးဓာတ်​ပေးမိသည်​

လက်​ဖဝါး ၂စုံကို ၂​ယောက်​အလယ်​မှာထားပြီး
အာ​ငွေ့​ပေး​နေ​သောနီရဲ​သော နှုတ်​ခမ်း ၂စုံ  ပြီး​တော့နှုတ်​ခမ်း​လေး​တွေနဲ့အတူ ပြုံး​ယောင်​သန်း​နေတဲ့ မျက်​ဝန်း​လေး​တွေကို တ​ယောက်​နဲ့တ​ယောက်​ဖလှယ်​ရင်း ချစ်​ခြင်းတရား​တွေကိုမျှ​ဝေ​နေကြသည်​

jung ရဲ့နှုတ်​ခမ်း​လေး​တွေကနီရဲပြီးစိုရွှဲ​နေ​သော
ပန်းသီး​လေးတလုံးကဲ့သို့လှပ​နေပြန်​သည်​

ပြီး​တော့ ဖြူစင်​သောမျက်​နှာ​လေးမှာ ထင်း​နေတဲ့မျက်​ခုံးနက်​နက်​လေး​တွေနဲ့

နှလုံးသားဖြင့်​ဖန်​ဆင်း​သောWhere stories live. Discover now