Soul Contract (The Fifteenth Contract)
"တမူရှီ … သတိရပြီလား … ဘယ်လိုနေသေးလဲ … အရမ်းနာနေသေးလားဟင်"
ယန်ကျင်းဟွာရဲ့ မေးခွန်းကို မဖြေပဲနဲ့ ရှီ ဆတ်ခနဲထထိုင်ရင်း တစ်ဆက်တည်း ယန်ကျင်းဟွာရဲ့ ပါးစပ်ကို လက်တစ်ဖက်နဲ့ အုပ်ကိုင်ကာ သူ့ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
"Mmhhhmm !!!"
ယန်ကျင်းဟွာ မျက်လုံးပြူးသွားသည်။ သူ့ကို ဓားနဲ့ထိုးတာ မကျေနပ်လို့ သတ်ဖို့ရည်ရွယ်နေသလား မသိ။
"အသံမထွက်နဲ့ … ငါ့နောက်ကို လိုက်ခဲ့"
တော်သေးသည်။ ထင်သလိုဖြစ်မလာခဲ့ …။
ရှီက အနားမှာတွေ့တဲ့ ကုတ်တစ်ထည်ကို ကောက်ဆွဲပြီး အပြင်ဘက်ကို ခပ်သုတ်သုတ်ထွက်သွားသည်။ ယန်ကျင်းဟွာလည်း အနောက်က အမီလိုက်ရင်း _
"ဘယ်ကိုလဲ တမူရှီ …!"
ခပ်တိမ်တိမ်အသံလုပ်ပြီး မေးလိုက်သည်။
"စကားမများနဲ့ ဒီတိုင်းလိုက်ခဲ့ … "
မေးမိတာကိုက သူ့အမှား … ဒီလိုအဖြေပဲ ပြန်ရမှာ သိသိရက်နဲ့ကို မေးမိလေခြင်း…။
သူတို့ လူသူအရိပ်အခြည်ကြည့်ကာ ထွက်လာရင်းနဲ့ ရှီ က ရုတ်တရက်မေးလိုက်၏ ။
"ဒါနဲ့ မင်းရဲ့ဓားရော"
"သိမ်းသွားတယ်"
စီးယွင်တို့ သိမ်းသွားခြင်း ဖြစ်သည်။
"သွားပြန်ယူ"
ယန်ကျင်းဟွာ ကုတ်ချောင်းကုတ်ချောင်းနဲ့ ဓားရှိရာသွားရှာရင်း တွေ့ပြီးတဲ့နောက် ရှီထံသို့ ပြန်ပြေးလာခဲ့သည်။
နှစ်ယောက်အတူတူ ကားရှိရာဘက်သို့ လျှောက်သွားစဉ် ကံဆိုးချင်တော့ ကျင်းရှင်းယောင်နဲ့ တည့်တည့်တိုးသည်။
ဒါပေမယ့် သူမ ဘာမှသတိမထားမိသေးခင်မှာပဲ ရှီရဲ့ လက်ဝါးစောင်းကိုမိ၍ နေရာမှာတင် သတိလစ်လဲသွားသည်။
"ဟေ့ကောင် … ဘာလုပ်တာလဲကွ"
"သူ့ကို ဝင်မပတ်သတ်စေချင်လို့ပေါ့"
YOU ARE READING
Soul Contract (Volume I, MM Translation)
Fiksi PenggemarI'm sorry, Jinghua. I couldn't make a proper contract with you before. From now onwards, your suffering, your happiness and everything, I'll accept them all gladly. - Daunmu Xi -