အပိုင်း-(၃)

530 38 2
                                    

ရဲရဲနီ​သော ​နေလုံးကြီးကအ​ရှေ့မှထွက်​​ပေါ်လာပြီး​နောက်

~~သူရကန်​စက်​ ဖန်​ဂယက်​လဲ
    လယ်​ချက်​ဗဟို ယုဂန်​စွန်းက
ထိမ်​ကွန်းငယ်​ခိုသည်
ချိန်​ညို​နေမင်းကလဲ ​အေးသနှင့်​။ ~~

ဦးကြင်​ဥ၏ကဗျာအချိုး​လေးကို သရုပ်​​ဖော်​​နေ​သော ပုဂံဆည်းဆာည​နေခင်း​လေးက လွန်​စွာသာ​ပေသည်​။

မြနန္ဒာတို့​နေထိုင်​သည့်​ ရတနာပုံမန္တလာ​မြေထက်​ ပို၍​ရှေးကျ​သော ပို၍သမိုင်းကနဦးအစဖြစ်​တည်​​သော ပုဂံ​မြေ၏ ရနံတို့က ယခုထိ​မွေးကြိုင်​သင်းပျံ​နေဆဲ။

ဒီ​မြေမှာ ဘိုး​ဘေးတို့​သွေး​ချွေးတို့ဖြင့်​ပုဂံပြည်​ကြီးကိုတည်​​ထောင်​ခဲ့ကြသည်​။ မြန်​မာဟူ၍ကမ္ဘာကသိ​အောင်​ဘုန်းတန်​ခိုးကြီးမားခဲ့သည်​။

"ဟဲ့မြနန္ဒာ"

ပုဂံအ​ကြောင်းအ​တွေးနယ်​ချဲ့​နေတုန်း ​ဘေးမှ ​မေ​ဇော်​အသံ​ကြောင့်​ မြနန္ဒာလန့်​သွားသည်​။

"ဟဲ့ ​မေ ရယ်​ ​ဖြေး​ဖြေး​ခေါ်ပါဟ လန့်​လိုက်​တာ​အေ"

"အ​မေ​လေး မြရယ်​ ငါဒီ​လောက်​အ​ပေါ်ထပ်​က​နေ​ခေါ်​နေတာ မြ မှမကြားတာ"

ရှက်​ပြုံး​လေးတစ်​ပွင့်​အား မြနန္ဒာပါးပြင်​နုနု​ပေါ်ဖျက်​​ပြေးသွားသည်​။

မေ​ဇော်​​နောက်​မှကပ်​ကာ မြနန္ဒာတို့အိမ်​​ပေါ်သို့တက်​လာကြသည်​။

ကျွန်းစားပွဲကြီး​ပေါ်မှာ လက်​ဖက်​တစ်​ပွဲ ထန်းလျက်​တစ်​ပန်းကန်​ ​ရေ​နွေးကြမ်းအိုးတစ်​လုံးနှင့်​ ​ရေ​နွေးပန်းကန်​ငါးလုံး သုံးလုံးကို​ရေ​နွေးထည့်​ထားသည်​။

"ထိုင်​ပါ​ဦး ​ဒေါ်မြနန္ဒာ"

ယွန်း​ဝေက အိမ်​ဦးသခင်​သူ​ဋ္ဌေးမကြီးအလား ဘယ်​ဘက်​ဒူး​ပေါ်ညာဘက်​ဒူးချိတ်​ကာ ခါးမတ်​မတ်​ထို​င်​​နေ​လေရဲ့။

မောင်​တို့​ယောက်ျား​တွေWhere stories live. Discover now