အခန်း-(၆)

376 38 0
                                    

မနက်​ခင်း​​လေနု​အေး​အေး​လေးက ပြတင်းတံခါးမှတိုး​ဝှေ့ဝင်​​ရောက်​လာ​လေသည်​။
အိပ်​မှုန်​စုံမွှား ဖြစ်​​နေ​သော မြနန္ဒာမျက်​နှာနုနု​လေး​ပေါ်သို့ ​နေခြည်​နုနု​ထွေးဥ​လေသည်​။
သူမနိုးသည့်​အချိန်​တွင်​မီးဖို​ချောင်​ထဲမှ အိုးသံခွက်​သံများကြား​နေရသည်​။
သူမ​ဘေးတွင်​ ယွန်း​ဝေ​ရော ​မေ​ဇော်​ပါမရှိ​တော့​ချေ။

ဘုရား​ရေ ဟုတ်​သားပဲ ဒီ​နေ့ ​မေ​ဇော်​တို့အသိ ဘုန်းကြီးဆီဆွမ်းပို့ရမယ့်​​နေ့ပဲ။ ချက်​​နေပြုတ်​​နေကြ​ရော​ပေါ့။

မြနန္ဒာ လျင်​မြန်​စွာ မျက်​နှာသစ်​၍ မီးဖို​ချောင်းထဲသို့ဝင်​လာသည်​။

"​ဒေါ်မြနန္ဒာ အိပ်​​ကောင်းခြင်းနှင့်​ပြည့်​စုံပါရဲ့လား"

ယွန်း​ဝေကခပ်​​နောက်​​နောက်​​မေးလိုက်​သည်​။

"ပြည့်​စုံပါသတဲ့ရှင့်​ အခုဘာ​တွေချက်​​နေကြတာလဲ ယွန်း နဲ့ ​မေ "

" ​​မေက ကြက်​ကုန်း​ဘောင်​​ကြော်​​နေ၍ ကျွန်​​တော်​မျိုးမ ယွန်း​ဝေက ချဉ်​ရည်​ဟင်းနှင့်​ ​ပြောင်းဖူး​ကြော်​လုပ်​​နေပါ​ကြောင်းပါ မယ်​မယ်​ဘုရား"

ယွန်း​ဝေက ခပ်​​နောက်​​နောက်​ ခပ်​​ပျော်​​ပျော်​ပဲ​ပြော​နေသည်​။

"ဒါဆို ငါ ငရုတ်​သီး​ထောင်းလုပ်​​ပေးရမလား"

"ရပါတယ်​ မြရယ်​ တကယ်​ကငါတို့ကိုမချက်​ရပါဘူး ​ဒေါ်ကြီးပဲချက်​သွားတာ ​ဘေးက ကူ​ပေးရုံပါ အဲ့ယွန်း​ဝေ ​လျှောက်​​လျှောက်​​ပြော​နေတာ"

ဟု​ပြော၍ ​မေ​ဇော်​သည်​ ယွန်း​ဝေအားမျက်​​စောင်း​စောင်းလှလှ​ပေးလိုက်​သည်​။

မြနန္ဒာ အခုမှကြည့်​မိသည်​။ ဟုတ်​သားပဲ ​ဒေါ်ကြီးပါချက်​​နေတာကိုး။

ထမင်းတစ်​အိုးကျက်​ရန်​အကြာကြာပြီး​နောက်​ မြနန္ဒာတို့သုံးဦးသားထွက်​လာသည်​။

မြနှင့်​ယွန်းက​ရေချိုးရန်​ အိမ်​​အောက်​ထပ်​သို့ဆင်းသွားသည်​။

မေ​ဇော်​က​တော့ ဘုန်းဘုန်း ကို ကန်​​တော့ဖို့ ​မန္တ​လေးထိုးမုန့်​ဘူးသုံးဘူးကိုခြင်းထဲထည့်​​နေသည်​။

မောင်​တို့​ယောက်ျား​တွေWhere stories live. Discover now