အခန်း-(၄)

514 43 1
                                    

မှုန်​ပြပြမိုး​ကောင်းကင်​ရှိ တိမ်​လွှာတို့ကမည်းနက်​​နေသည်​။
ဘေးပတ်​ဝန်းကျင်​သည်​ လုံးဝဥသုဉ်​တိတ်​ဆိတ်​​နေသည်​။
သစ်​ပင်​စိမ်းစိမ်းတို့ရဲ့ ရိုက်​ခတ်​သံ​တို့သည်​ကြား​နေရသည်​။
အုတ်​ဂူဖြူဖြူ​လေးတစ်​လုံး ၊ မြင်​ရသည်​နှင့်​ရင်​ထဲဆူးကနှင့်​နာကျင်​​စေရသည့်​နာမည်​​လေးတစ်​ခု ။

ဗိုလ်​ကြီးဦး​အောင်​နိုင်​မင်း
အသက်​(၃၇နှစ်​)
၇.၁၁.၂၀၁၃တွင်​ကွယ်​လွန်​သည်​။

ဖေ​ဖေအသက်​ကို​သေ​စေခဲ့တဲ့စစ်​ပွဲ​တွေကိုသားမမုန်းပါ ​ဖေ​ဖေ။ တိုင်းပြည်​အတွက်​အသက်​စွန့်​သွားတဲ့​ဖေ​ဖေအတွက်​ဂုဏ်​ယူ​နေပါတယ်​ ​ဖေ​ဖေ ။ တရား​သောစစ်​​အောင်​နိုင်​ပါ​စေ။

ထိုအုတ်​ဂူဖြူဖြူ​လေးအားကြည့်​ရင်း တည်​စေမင်း မငိုခဲ့ပါ။
တစ်​ဦးတည်း​သောသားဖြစ်​သည့်​ သူသည်​ မိခင်​​ဒေါ်စန္ဒာမင်း အတွက်​ ကျားမဟုတ်​သည့်​ အားဖြစ်​သည့်​သားဖြစ်​​ပေရဦးမည်​။

တည်​​စေမင်းစိတ်​ကူးတို့လွင့်​​ပြယ်​ခဲ့ရသည်​။

သား​မေ​မေအတွက်​ အားမဖြစ်​​စေခဲ့ပါလား​မေ​မေရယ်​။ ​မေ​မေအတွက်​ဒုက္ခအိုးကြီးသာဖြစ်​​နေခဲ့သည်​ထင်​၏။
မလုပ်​တတ်​မကိုင်​တတ်​ ၊ စီးပွားမရှာတတ်​​သော ဗိုလ်​က​တော်​နှင့်​သားဖြစ်​သူ​လောကအလယ်​တွင်​ဒုက္ခ လှလှ​တွေ့ကြရသည်​။

အိပ်​မက်​ဆိုး နှိုးထချင်​​သောအိပ်​မက်​ဆိုးဖြစ်​ခဲ့ရင်​​ကောင်းမည်​။ သို့​သော်​ ဤကားလက်​​တွေ့ဘဝသာတည်း။

"သားငယ်​ ​မေ​မေတို့ မိုးကုတ်​ဘက်​သွားကြရမယ်​ သားရဲ့"

"ဗျာဘာလို့လဲ​မေ​မေ "

"ဒီမှာက သား​ဖေ​ဖေလည်းမရှိ​တော့ဘူး​လေ ​မေ​မေ အမျိုး​တွေကိုရှာဖို့ မိုးကုတ်​ကိုသွားကြရမယ်​"

"ဟုတ်​ကဲ့ပါ ​မေ​မေ"

မေ​မေ ဟန်​​ဆောင်​​ကောင်းလွန်းခဲ့ပါသည်​။
မေ​မေ မျက်​နှာတစ်​ချက်​မပျက်​ အိမ်​​ပြောင်းသကဲ့သို့သာပုံမှန်​​ပြင်​ဆင်​​နေသည်​။

မောင်​တို့​ယောက်ျား​တွေWhere stories live. Discover now