မိုးဖွဲဖွဲကျနေသည်မို့ စောင်ခြုံပြီးကွေးလို့ကောင်းတုန်းမှာပဲ
"သားကြီး..ကျောင်းနောက်ကျတော့မယ်" ဆိုတဲ့အမေ့အသံမနက်ပိုင်း၊ ညနေပိုင်း၂ချိန်ခွဲထားသည့်ကျောင်းဖြစ်ပြီး ကျွန်တော်တို့ ၁၀တန်းတွေနှင့် ၉တန်း ၆တန်း ကမနက်ပိုင်းတက်ရသည်။
မနက်ပိုင်းအချိန်ကျောင်းတက်ရတာ ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာကောင်းလွန်းလှသည်။အမေ့နှိုးသံကြောင့် စားပွဲပေါ်က နာရီကိုလှမ်းကြည့်တော့ ၆နာရီ၁၅မိနစ်ပင်ရှိနေပြီ..သေချာပါသည်၊ကျွန်တော်ဒီနေ့လည်းကျောင်းနောက်ကျဦးမည်...
အိပ်ယာမှလူးလဲထကာ ရေချိုးခန်းထဲဝင်လိုက်သည်။သွားတိုက်တံကိုပါးစပ်မှာကိုက်ပြီး ရေပန်းကိုဖွင့်လိုက်တယ်ဆိုရင်ပဲ တစ်ကိုယ်လုံး ကျင်သွားအောင် အေးစက်သွားသည်မို့ အိပ်ချင်စိတ်တော့ အနည်းငယ်ပျောက်သွားသည်...ရေချိုးအဝတ်အစားလဲပြီးချိန်မှာတော့ အချိန်က၆နာရီခွဲသွားပြီ...ကျောင်းနဲ့အိမ်မှာ ၅မိနစ်လောက်သာ လမ်းလျှောက်ရပေမဲ့ ၆နာရီခွဲကျောင်းတက်သည်မို့ ကျွန်တော်မြန်မြန်ပြေးရဦးမည်...
........................................................................မနက်စာစားချိန်ပင်မရတော့သောကြောင့် စားပွဲပေါ်မှမေမေဖျော်ထားသော ကော်ဖီကိုသာသောက်လိုက်ရသည်။ ပဲပြုတ်ထမင်းကြော်ကိုတော့ 'အိပ်ယာထနောက်ကျတာကို--ငတ်ပေါ့ကွာ' ဟုကိုယ့်ကိုယ်ကို ရေရွတ်ရင်းသာ စားပွဲပေါ်မှာမစားဘဲထားခဲ့ရသည်။
အိမ်အပြင်ထွက်လိုက်တယ်ဆိုရင်ပဲ မိုးသက်လေအေးလေးတစ်ချက်တိုးဝှေ့တိုက်ခတ်သွားတာကို ပါးပြင်မှတစ်ဆင့် ကျွန်တော်ခံစားလိုက်ရသည်။
ညဦးပိုင်းကမိုးရွာထား၍လားမသိ၊ ကျောင်းသွားရာ မြေနီလမ်းလေးက ဖုန်ထခြင်းမရှိ မြေသင်းနံ့လေးပင်ရနေသေးသည်။ ကျောင်းတက်ချိန်ပင်ဖြစ်နေ၍ လမ်းလေးတွင် ကျောင်းသားကျောင်းသူများဖြင့်လည်း ရှုပ်မနေတော့၊ မိုးသက်လေအေးလေးနှင့် တိတ်ဆိတ်သောမြေနီလမ်းလေးမှာ အတွေးလေးဖြင့် ကျွန်တော်လမ်းလျှောက်ချင်မိသော်လည်း ကျောင်းနောက်ကျနေပြီဆိုတဲ့အသိက ခြေလှမ်းတွေကို အလိုလျောက်မြန်သွားစေသည်။ပတ်ဝန်းကျင်ရဲ့ မနက်စောစောအေးချမ်းမှုလေးကိုပင် မခံစားနိုင်တော့ဘဲ မိနစ်အနည်းငယ်အတွင်းမှာပင် ကျွန်တော်ကျောင်းရှေ့ရောက်သွားသည်.......
YOU ARE READING
မျဉ်းပြိုင်တို့၏ ဆုံမှတ်တစ်နေရာ
Romanceပထမဆုံးအကြိမ် ရေးဖြစ်တာကြောင့် လိုအပ်ချက်လေးတွေရှိကောင်းရှိတာမို့ ဖတ်ပေးတဲ့ readerလေးတွေကိုတောင်းပန်ပါတယ်နော်၊ ဝေဖန်ချက်လေးတွေလည်းပေးကြပါနော်🤗