Life

141 9 3
                                        

#သစ္စာဖောက်ခံရမှု

သစ္စာဖောက်မှု လောကမှာသာ ဒီလိုသစ္စာဖောက်တာတွေမရှိရင် ဒီကောင်လေးစိတ်ကဒိထက်ပင်နူးညံ့ပေဦးမည်...

သို့သော် ရက်စက်တက်တဲ့လောကကြီးကမျက်နှာသာပေးမတဲ့လား ဟင့်အင်း ရက်စက်သထက်ရက်စက်လာရုံမှလွဲ၍ကောင်းတာတစ်ခုမှဖြစ်မလာ......

ဒီကောင်လေးကလူကောင်ခပ်သေးသေးသွယ်သွယ်နှင့် အနုပညာရှင်တစ်ယောက်ပိုင်ဆိုင်တဲ့လက်သေးသေးသွယ်သွယ်လေးတွေပိုင်ဆိုင်လို့ထားပါလျက် နူးညံ့တဲ့အရာတွေလုပ်ဆောင်ဖို့မဟုတ်ဘဲသွေးစွန်းထင်းတဲ့လက်တစ်စုံဖြစ်လို့လာခဲ့လေသည်

''သ...သခင်လေး''

''ရှူး...ငါဓားသွေးရတာ အနှောက်အယှက်ဖြစ်တယ်''

''......''

''အင်း...ရပြီပြောတော့''

''ကျ ကျတော်တောင်းပန်ပါတယ်ဗျာ ကျတော့်ကိုခွင့်လွှတ်ပေးပါ ကျတော်သနားစိတ်ဝင်မိသွားလို့ပါ...''

''ကျစ်...ငါကသနားစိတ်တွေကိုသိပ်မုန်းတယ် အထူးသဖြင့် သစ္စာမရှိတဲ့သူတွေကို သနားနေတဲ့စိတ်ကိုဘဲ''

''ကျတော် အဲ့ကိစ္စအတွက်တခြားနည်းနဲ့ပြန်ပေးဆပ်ရမယ်ဆိုဆပ်ပ့ါမယ်ဗျာ ဒါ ဒါပင်မဲ့မိသားစုရှိတဲ့သူတစ်ယောက်ကိုတော့မသတ်ပါရစေနဲ့ လားဗျာသူကအိမ်ထောင်ဦးစီးတစ်ယောက်မို့...''

''ဟင်း...အိမ်ထောင်ဦးစီး...ဘယ်တုန်းကများသူတို့ကသစ္စာရှိဖူးလို့လဲ ကိုယ်လိုချင်တာရှိပြီဆို ဘာမျက်နှာမှမထောက်ဘဲ ထားသွားခဲ့ကြတာဘဲမဟုတ်လား''

ဟုတ်ပါသည် ထိုကောင်လေးသူ့အဖေလုပ်သူကိုစိတ်နာနေတယ်ဆိုတာကို မေ့လျော့သွားခဲ့မိတာကို ထိုသူမှာကြောက်ရွံလွန်းအားကြီး၍ချွေးစီးများပင်ကြလာလေသည် သခင်လေးbaekhyunဆိုသည်မှာ သူလုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်သူဖြစ်သည် ထို့ပြင် ဖခင်လုပ်သူ၏ဖောက်ပြန်မှုကိုနာကျည်းကာ ပျော်ရွှင်သည့်မိသားစုများမြင်လျှင်အလိုမကျသလို အချစ်ကိုလဲအယုံအကြည့်မရှိသောသူတစ်ယောက်ပင်...

#စွန့်ပစ်ခံရမှု

အချစ်ဆိုသည့်အရာမှာတစ်ခါတစ်ရံသိပ်ဆန်းကြယ်လှသည် သို့သော်ဘဝနဲ့ယှဉ်ရင်အချစ်က သေးငယ်တယ်ဆိုတာကိုမေ့လျော့တတ်ကြတာ လူ့သဘာဝမဟုတ်ပါလား...

အချစ်နောက်ကိုလိုက်ရင်းက လုပ်သင့်တာမလုပ်သင့်တာမခွဲခြားနိုင်တော့ဘဲ မှားတတ်လုပ်တတ်ကြပြီး နောင်တတသီကြီးရတတ်တယ် ဆိုတာကိုလည်းမေ့လျော့လို့နေကြတယ်လေ...

''မေမေ မေမေသားသားဒါစားချင်တယ်''

''ဟာမေမေ့သားလေးကစားချင်လို့လား ဒါဆိုမေမေဝယ်ကျွေးမှာပေါ့လာသွားကြရအောင်''

သားလုပ်သူ၏ချွဲနွဲ့မှုကိုမညည်းမညူလိုက်လုပ်ပေးနေသည့် ထိုသားမိနှစ်ယောက်၏ပုံရိပ်များကို အဝေးတစ်နေရာမှ ဝမ်းနည်းနေသည့်မျက်လုံးတို့ဖြင့်ကြည့်နေသည့်သူ

ထိုသူသည် အဝတ်အစားကိုသားနားစွာဝတ်ဆင်ထားရုံမက သူ့အရပ်အမောင်းနှင့် အပြင်အဆင်များကြောင့်အနီး၌ဖြတ်သွားသောသူတိုင်း လည်ပြန်ငေးကြည့်ရလောက်အောင်ကိုချောပါသည် သို့သော် ထိုသူသည်လည်း သခင်လေးbaekhyunကဲ့သို့ရက်စက်သည့်နေရာ၌ထိပ်ဆုံးကပင်...

''သခင်လေးChanyeolကားအဆင်သင့်ဖြစ်ပါပြီ''

''အော်...အင်း''

ပျော်ရွှင်နေသည့်သားမိနှစ်ယောက်ဆီမှမျက်စိမခွာနိုင်သော်ငှားလည်း ပြန်လာခဲ့ရလေသည် သူလည်းဒီလိုပျော်ရွှင်စရာအတိတ်ရှိခဲ့ရင် အခုလောက်ရက်စက်တတ်မည်မထင်...

#အလေးမထားမှု

အလုပ် အလုပ်ကိုဦးစားပေးပြီးငွေရှိတိုင်းပြီးပြည့်စုံမယ်ထင်နေရင်မှားသွားမယ် မဟုတ်လားလောကကြီး
မေတ္တာတရားကရောမလိုအပ်လို့လား ဒါမှမဟုတ်ဒီကောင်လေးတစ်ယောက်ထဲမှာဘဲ မေတ္တာတွေ ပျက်လက်နေခဲ့တာလား...

လောကကြီးကိုဘဲအပြစ်တင်ရမလား ငွေကိုသာဦးစားပေးတတ်သည့် ဤမိသားစုကိုအပြစ်တင်ရမလား မျော်လင့်တာမေတ္တာတရား နဲ့ဂရုစိုက်မှုတွေဒါပင်မဲ့အမြဲတမ်းရောက်ရှိလာခဲ့တာ ငွေတစ်ထုတ်နဲ့ လိုအပ်တာရှိရင်ထပ်ပြောဖို့မှာကြားတတ်သည့်အမှာစကားအချို့သာ...

''သခင်လေးsehun ငွေတွေရောက်ပါပြီ''

''အော် အင်းထားခဲ့လိုက်''

''ပြီးတော့ လိုရင်...''

''ရပြီသွားလို့ရပြီ မပြောလဲသိနေတာမို့လို့ သွားလို့ရပြီ''

ဒီတစ်ခါလည်းဘဲငွေထုတ်ပင် ပျက်စီးနေသည့်သူ့ပုံစံကိုမိဘများ ဆိုဆုံးမရန်ဒါမှမဟုတ်ပိုက်ဆံတွေထပ်မသုံးဖို့စကားတွေပြောလာခဲ့ရင်တောင်ကျေနပ်မိမှာအမှန်ပင်မဲ့သို့သော် အမြဲတမ်းရောက်လာတာက မှာလိုက်သည့်ငွေထုတ်နှင့် လိုအပ်ရင်ထပ်ပြောဆိုသည့်စကားများပင်
ကျတော့်ကိုချစ်လို့ယူခဲ့ကြတာရောဟုတ်ရဲ့လားဖေဖေနဲ့မေမေ...
ကျတော့်ဘဝမှာကျတော်လိုချင်တာတွေရနေပင်မဲ့ မေတ္တာစစ်မေတ္တာမှန်ကိုဘယ်တော့များမှရမှာလဲ...

TBC......

Let's Not Fall In LoveWhere stories live. Discover now