Let's Play

72 10 2
                                    


အနက်​​ရောင်​လန်​ခရူဇာကားသုံးစီးသည်​ မြို့နှင့်​အနည်းငယ်​လှမ်း​သော တိုက်​ပျက်​များရှိရာသို့အရှိန်​အဟုန်​နှင့်​ ​မောင်းနှင်​လို့​နေသည်​။ဆောက်​လက်​စနှင့်​ ရပ်​ထား​သော တိုက်​အ​ဟောင်းထဲမှ ပြီးစီးလုနီးပါးဖြစ်​​နေ​သော တိုက်​တစ်​ခု​ရှေ့တွင်​ ထိုကားသုံးစီးရပ်​လိုက်​​လေသည်​။

သုံးကားထဲအနက်​ အလယ်​၌ရှိ​သောကားထဲမှ ဦးစွာတံခါးဖွင့်​ပြီးဆင်းလာသူမှာ Fire Groupမှ ဒုတိယ​ခေါင်း​ဆောင်​ Park Chanyeolဆိုသူဖြစ်​​လေသည်​။Park Chanyeolဆင်းပြီးမကြာလိုက်​ သူတပည့်​များစီးလာ​သောကား​နောက်​မှာ လာရပ်​​သောLamborghin အနက်​​ရောင်​ပြိုင်​ကား​ပေါ်မှ ဆင်းလာသူမှာOh Sehunဆိုသည့်​ Wind Groupမှ​ခေါင်း​ဆောင်​ဆိုသူဖြစ်​၏။

ခပ်​​ချေ​ချေမျက်​နှာ​ပေးနှင့်​ အ​ဆောက်​အဦးတွင်းသို့ ဦးစွာဝင်​သွား​သော ထို​ကောင်​​လေးအားChanyeol​ခေါင်းခါရင်းဖြင့်​ ​နောက်​မှလိုက်​၀င်​လို့လာသည်​။အ​ဆောက်​အဦးပိုင်​ရှင်​ဖြစ်​သည့်​ MinHo ဆိုသည့်​သူမှ ​​​ကော်ရစ်တာတွင်​စောင့်​ကြိုလို့​နေ​လေသည်​။

"ကြိုဆိုပါတယ်​ Sehunနဲ့  Chanyeolလာပါကြွပါ အရင်​လိုဘဲအားလုံးပြင်​ဆင်​​ပေးထားပါတယ်​"

"ဒီတစ်​​ခေါက်​​နေရာ​ပြောင်းမယ်​ကြားထားတာ ဘယ်​လိုဖြစ်​တာလဲ"

Chanyeolအ​မေး​ကြောင့်​ MinHoရယ်​ရင်း ​ဖြေရှင်းချက်​​ပေးလာခဲ့သည်​။

"အာ!ဒါလား ဟုတ်​တယ်​အစက​တော့​ပြောင်းမလို့ဘဲဒါပင်​မယ့်​ ဒီရက်​ပိုင်း အပြာ​ကောင်​​(ရဲ​)​တွေစစ်​​ဆေး​ရေး တင်းကျပ်​​နေတယ်​ဆိုလို့မ​ပြောင်း​တော့တာ"

"​အော်​..."

မြေ​အောက်​ဓာတ်​​လှေကားနှင့်​ဆင်းသွားရင်း ​နောက်​ဆုံးဒီလာရတဲ့ရည်​ရွယ်​ချက်​ရဲ့ အဓိက​နေရာကို​ရောက်​လို့လာ​လေပြီ...။သုံး​ယောက်​စာလုပ်​ထားတဲ့စားပွဲခုံပတ်​ပတ်​လည်​မှာ ချထား​ပေးတဲ့ ​နေရာ​တွေမှာဝင်​ထိုင်​လိုက်​ပြီး​နောက်​ Sehunမှစကားစ​လေ၏။

"ဒီတစ်​​ခေါက်​​လောင်း​ကြေးက အရင်​ထက်​​ကြေးကြီးမယ်​​နော်​"

Let's Not Fall In LoveWhere stories live. Discover now