Challenge

19 2 0
                                    


ဒီလူရူးနေပြီဘဲ.... လုံးဝရူးနေပြီ...ငါ့ကိုနိုင်ချင်ရရုံသက်သက်နဲ့မဖြစ်နိုင်တဲ့အရာကိုတောင်းဆိုနေတာဘဲ။ဒါဘယ်သူ့အကြံလည်း သူတစ်ယောက်ထဲရဲ့အကြံလားဒါ.ဒါမှမဟုတ် ဟိုကောင် Sehunသူ.သူကောဘဲလား

"တောက်!"

"သခင်လေးဘာ.ဘာဖြစ်လို့လဲ"

နောက်ခန်းမှတောက်ခေါက်သံကြားသည်နှင့် တပည့်တွေမှကြောက်လန့်တကြားမေးလာသည်။သူ့ဒေါသကိုတစ်စုံတစ်ယောက်ထံသူပုံချပြစ်ချင်သည်။ဒါပင်မယ့် သူထိုသို့ပြုလုပ်မည့်အစား ဟန်မြစ်ကိုသာမောင်းစေခဲ့သည်။

ဆေးလိပ်ကိုဖွာလျက်နှင့်ပင် စဉ်းစားနေမိသည်။သူတို့သုံးယောက်လုံးက ငယ်ငယ်ထဲကကျောင်းမှာပြိုင်ဘက်တွေဖြစ်ခဲ့ကြသူများပင်။သို့သော်ယခုအခါ တစ်စုံတစ်ယောက်ကတော့ ပြောင်းလဲရန်တောင်းဆိုလာလေသည်။ထိုသို့တောင်းဆိုခြင်းမှာ စိတ်ရင်းမဟုတ်သည်ကိုသူသိလေသည်။ဒါကြောင့်လည်းသူငြင်းခဲ့သည်။ဖြစ်မှမဖြစ်နိုင်ဘဲလေ...။

"မနက်ဖြန်ငါအိမ်မှာဘဲနားချင်တယ် ကျန်တဲ့ကောင်တွေကိုပြောထားလိုက်"

"ဟုတ်ကဲ့သခင်လေး"

Chanyeol မင်းအကြံအစည်ဒါအကုန်ဘဲလား ၊ မင်းမှာတခြားနည်းလမ်းမစဉ်းစားတတ်တော့ဘူးလား ၊ မင်းသိပ်ညံ့တယ် ငါလိုလူကိုမင်းက အချစ်နဲ့ကျရှုံးအောင်လုပ်နိုင်မယ်လို့မင်းထင်နေတာလား ကျွတ်! မင်းသိပ်တုံးတာဘဲကွာ...

လွန်ခဲ့သောနာရီဝက်ခန့်...

Baekhyunသူရှေ့ရောက်လာတဲ့Sehunထက်Chanyeolပြောတဲ့စကားကိုသာ အံ့ဩလို့နေသည်။

"ဘာ!"

သူ၏အမေးစကားကိုကြားသည်နှင့် Chanyeolပြန်ပြောသည်။

"ဟုတ်တယ် မင်းကြားတဲ့အတိုင်းဘဲ တွဲမယ်လို့ပြောတာ"

"မင်းရူးနေပြီဘဲ"

"ဒီကောင်ရူးနေတာကြာပြီ"

သူစကားအဆုံးSehunကဝင်ထောက်သည်။သူသည်လည်းChanyeolကိုဒေါသထွက်နေသည်။ထိုသို့ဒေါသထွက်ရခြင်းမှာ သူမပြိုင်လျှင်ပေးရမည့်လျော်ကြေးကြောင့် မဟုတ် Baekhyunကြောင့်ဖြစ်သည်။သူBaekhyunနှင့်မတည့်သော်ငှား စိုးတော့စိုးရိမ်နေသည်။

You've reached the end of published parts.

⏰ Last updated: Dec 22, 2020 ⏰

Add this story to your Library to get notified about new parts!

Let's Not Fall In LoveWhere stories live. Discover now