Be Mine Part-3 Z+U

1.7K 187 4
                                    

#zawgyi

Lisa's POV
Roseကို ပထမဆုံး​တွေ့ခဲ့တဲ့ အချိန်​​လေးကို ငါ မှတ်​မိ​နေ​သေးတယ်​......သူမက ပန်းခြံထဲက ဥသျှစ်​ပင်​​အောက်​မှာ ထိုင်​ပြီး စာဖတ်​​နေတယ်​......

သူမကို စ​တွေ့ကတည်းက ပိုင်​ဆိုင်​ချင်​စိတ်​​တွေ ​ပေါ်​ပေါက်​လာတယ်​......သူမကို ​ငေးကြည့်​​နေတုံး ​နေ​ရောင်​​က သူမအ​ပေါ် ရုတ်​တရက်​ ကျ​ရောက်​လာ​တော့ ငါ့မျက်​စိထဲ Roseဟာ နတ်​သမီး​လေး တစ်​​ပါးလို လှပ​လွန်း​နေခဲ့တယ်​......

အဲ့​နေ့က စပြီး သူမ​​နောက်​ကို ငါ လိုက်​ခဲ့တာ...... သူမက အိမ်​မှာ တစ်​​ယောက်​တည်း​နေတယ်​......ညမိုးချုပ်​တဲ့ထိ သူမကို အိမ်​​ရှေ့က​နေ ရပ်​ကြည့်​​နေမိတယ်​..... သူမ အပြင်​သွားရင်​ အ​နောက်​က​နေ တိတ်​တခိုးလိုက်​တယ်​..... သူမက​တော့ မရိပ်​မိခဲ့ပါဘူး.....

သူမကို ပိုင်​ဆိုင်​ချင်​လို့

Author's POV
နှစ်​ပတ်​​လောက်​သာ ကြာသွားတယ်​ Roseဘက်​က ​ပြောင်းလဲသွားခြင်း မရှိပါဘူး......

ကုတင်​​ပေါ်မှာ စကားမ​ပြောဘဲ ထိုင်​​နေတတ်​သလို......တစ်​ခါတစ်​ခါ ငိုယိုပြီး သူမကို လွှတ်​​ပေးဖို့ Lisaကို ​တောင်းပန်​တတ်​တယ်​......

Lisaက​တော့ သူမကို Rose ပြန်​ချစ်​ဖို့ ဘယ်​လိုလုပ်​ရမလည်းဆိုပြီး အစီအစဉ်​​တွေ ​တွေး​တော​နေတယ်​......

ဒါ​ပေမယ့််​ သူမရဲ့ Lisaရဲ့ အ​တွေး​တွေက အလုပ်​မဖြစ်​ပါဘူး......Roseက သူမကို မချစ်​ဘဲ မုန်း​နေတယ်​​လေ.....

Roseကို သင်​ခန်းစာ တစ်​ချို့​ပေးဖို့ Lisa စဉ်းစားလိုက်​တယ်​.....အဲ့သင်​ခန်းစာ​ကြောင့်​ Rose အခုလို ငိုယို​နေတာ​တွေမလုပ်​ဘဲ သူမကို တစ်​ချိန်​ချိန်​မှာ ပြန်​ချစ်​လာဖို့အတွက်​ ​သေချာစဉ်းစား​နေတယ်​.......

Roseကို ​တွေ့ဖို့ သူ့ရဲ့အခန်းဘက်​ကို Lisa သွားလိုက်​​တယ်​......အခန်းထဲ ၀င်​​တော့ ကုတင်​​ပေါ်မှာ ထိုင်​​နေတဲ့ Roseကို ​တွေ့ရတယ်​.....

Roseရဲ့ မျက်​နှာကို ကိုင်​လိုက်​​တော့ မျက်​ရည်​​တွေကို Lisa ခံစားမိတယ်​.....

Be MineWhere stories live. Discover now