Lisa တစ်ယောက် Roseကို လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားလိုက်တယ်
Roseက သူမကို ချစ်တယ်ပြောထားတော့ လက်ထပ်ခွင့်တောင်းရင်လည်း Roseက လက်ခံမယ်လို့ Lisaက ထင်နေတယ်......
Lisaတစ်ယောက် မင်္ဂလာဆောင်မယ့်အကြောင်း စိတ်ကူးယဉ် ပုံဖော်ကြည့်နေတယ်......
သတို့သမီး ၀တ်စုံနဲ့ Roseဟာ Lisaရဲ့ အတွေးထဲမှာ အရမ်းကို လှပနေတယ်.......
Lisa မကြာခင် Roseကို လက်ထပ်ခွင့်တောင်းဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်တယ်
နံရံက နာရီကို Lisa လှမ်းကြည့်တော့ မနက် 10ဘဲ ရှိသေးတယ်......
သိပ်မကြာခင်ကမှ သူမ သိပ်ချစ်ရတဲ့ Roseနဲ့ မနက်စာ စားထားတာလေ......
Roseကို ခေါ်လာပြီးနောက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ Lisa Tv မကြည့်နိုင်..........
Rose ပျောက်နေတာကို ဘယ်သူကမှ သတိမထားမိလောက်ဘူးလို့ Lisa တွေးထင်နေ၏
ဒါကြောင့် ထိုင်ခုံမှာ ထိုင်ပြီး Tv ဖွင့်လိုက်တယ်......
Channel တွေ ပြောင်းကြည့်ရင်း channel တစ်ခုက သတင်းကြောင့် Lisa မျက်လုံးပြူးသွားတယ်.....
သတင်းကြော်ငြာတဲ့ အမျိုးသမီးက Roseပုံနဲ့ လူပျောက်ကြော်ငြာနေတယ်....... Roseပျောက်သွားရခြင်းနဲ့ ပတ်သက်ပြီး သံသယရှိသူ အကြောင်းကို ပြောတော့ သံသယရှိသူ အဖြစ် သတ်မှတ်ခြင်း ခံရသူမှာ Lisaပင်ဖြစ်သည်......အိမ်နီးနားချင်းက အစ ရဲတွေအဆုံး Lisaကို သံသယ၀င်နေကြတယ်.....ဘာလို့လည်းဆိုတော့ အရင်တစ်ခါကလည်း Roseရဲ့ အိမ်ထဲကို ခိုးဝင်လာလို့လေ......
"အကယ်၍ ဒီဓာတ်ပုံထဲက ကောင်မလေးကို တွေ့ရင် ရဲတွေကို အကြောင်းကြားပေးပါနော်....."
သတင်းကို ကြည့်ပြီး Lisa တစ်ယောက် တော်တော်လေး လန့်သွားတယ်တစ်ခြား channel တွေကို ပြောင်းကြည့်တော့လည်း သူတို့အကြောင်း ပြောနေကြတဲ့ သတင်းတွေဘဲ လွှင့်နေတယ်..........