Be Mine (Part-1) Z+U

2.7K 222 11
                                    

#zawgyi

Lisa's POV
သူမ လမ်း​လျှောက်​ပုံ​လေး.... သူမရဲ့ အသက်​ရှူ သံ​လေး....သူမနဲ့ ပတ်​သက်​တဲ့အရာအားလုံးကို ငါချစ်​တယ်​......သူမကို ငါ့ရဲ့ အပိုင်​ ဖြစ်​​စေချင်​တယ်​.....ငါနဲ့ အတူတူ သူမကို ရှိ​စေချင်​တယ်​.....ဒါ​ပေမယ့်​ သူမက ငါ့ကို အလိုမရှိဘူး....ဘာ​တွေဘယ်​လိုဖြစ်​​နေပါ​စေ ကိစ္စမရှိပါဘူး သူမဟာ မကြာခင်​ ငါ့အပိုင်​ဖြစ်​​တော့မှာ​လေ....
ငါ မင်းဆီလာ​နေပြီ Rose..... ငါ့အပိုင်​ဖြစ်​ဖို့ အသင့်​ပြင်​ထားပါ

ပန်းခြံက ခုံ​လေးမှာ ထိုင်​ရင်း Roseကို ငါ စောင့်​​နေတယ်​......င်ါအရမ်းချစ်​ရတဲ့ Roseကို ​တွေ့ရဖို့ ​စောင့်​နေတာ တစ်​နာရီ​လောက်​ ရှိ​နေပြီ.....

Rose အခုထိ မလာ​သေးဘူး ဘာ​တွေ​ကြောင့်​ နောက်​ကျ​နေတာလည်း.....ငါ ​ပြောရဲတယ်​ Rose ငါနဲ့ ဒီမှာ ​တွေ့လိမ့်​မယ်​လို့ ​မျှော်​လင့်​မထားဘူးဆိုတာ.....

ဒါ​ပေမယ့်​ ငါ့ကို​တွေ့ရင်​ Rose ​တော်​​တော်​​လေး စိတ်​လှုပ်​ရှား​နေမှာ ငါတို့နှစ်​​ယောက်​တည်း အတူရှိဖို့အတွက်​ Roseကို ငါ့အိမ်​ဆီ ​ခေါ်သွားမယ်

ဟော ​ပြောလို့မှ မဆုံး​သေး Rose​ ​ရောက်​လာပြီ​လေ......ဆံပင်​ရှည်​ရှည်​.....မျက်​၀န်းနက်​​လေး​တွေရယ်​ သူမရဲ့ သွယ်​လျတဲ့ ကိုယ်​ခန္ဓာက သူမကို ငါ ထိ​တွေ့ဖို့ ဆွဲ​ဆောင်​​နေသလိုဘဲ......

ညမိုးချုပ်​​နေချိန်​ သူမလို လှပတဲ့ မိန်းက​လေးတစ်​​ယောက်​တည်း အိမ်​ပြန်​လာတာ ဘယ်​​လောက်​ အန္တရာယ်​များလည်းဆိုတာ သူမ မသိဘူး..

သူမ တစ်​ခုခုဖြစ်​နိုင်​​ပေမယ့်​ သူမ ကံ​ကောင်းပါ​တယ်​.....သူမကို ဘာမှမဖြစ်​​စေရ​အောင်​ အမြဲတမ်း  ​စောင့်​ကြည့်​ပြီး ကာကွယ်​​ပေးမယ့်​ ငါ ရှိတယ်​​လေ........

ငါ အရမ်းချစ်​ရတဲ့ ငါအရမ်းမြတ်​နိုးရတဲ့ တစ်​​ယောက်​​တည်း​သော Rose ကို ဘယ်​သူမှ ထိခိုက်​​စေမယ့်​ အပြုအမူ​တွေ လုပ်​ခွင့်​မ​ပေးနိုင်​ဘူး.....

Author's POV
Lisa ထိုင်​​နေရာက​နေ ထပြီး Roseနောက်​ကို တိတ်​တဆိတ်​ လိုက်​သွားတယ်​.....

Be MineDove le storie prendono vita. Scoprilo ora