အရိပ်ကလေး ဖြစ်ပါရစေ (9)

961 66 1
                                    

အရိပ်ကလေး ဖြစ်ပါရစေ (9)

ခင်ဗျားက ကျွန်တော် မကြိုက်တာချည်းလုပ်တယ်။ အရမ်းစိတ်ညစ်ရတယ်။ ကျွန်တော် ခင်ဗျားကို မချစ်ဘူး။ ချစ်ကြည့်ဖို့ကြိုးစားခဲ့တာ။ ဘယ်လိုမှ စိတ်နစ်လို့မရဘူး။ အခုက ဆေးရုံက AS အကိုကို လက်ခံလိုက်ပြီ။ သူ့ကို တကယ်ချစ်လို့ ကျွန်တော့်ကို လက်လွှတ်ပေးပါတော့။ တောင်းပန်ပါတယ်။

ကျွန်တော်သည် တစ်ဖက်က ကျွန်တော် ချစ်တဲ့ကလေးလေးပို့လာသည့် စာကို ဖတ်ကာ ကြက်သေသေ သွားသည်။ ဘယ်သူပို့ခဲ့တာလဲ။ ဒါဆို ကျွန်တော် ကြည့်နေမိတာ ဘယ်သူလဲ။ ကျွန်တော် ခေါင်းရှုပ်လာသည်။

ကလေးလေးလည်း စာကိုဖတ်ကာ မျက်မှောင်ကုတ်နေသည်။ ထိုစဉ် သူ့ဘေးက အကိုက သူ့ကို လက်တို့လိုက်သည်။ သူက ဖုန်းကိုချကာ စကားဆက်ပြောနေသည်။

သို့သော် ကျွန်တော့် ဖုန်းထဲက ကလေးလေးရဲ့ အကောင့်ကနေ စာဆက်ပို့နေသည်။

"ခင်ဗျားကို ကျွန်တော် စကားကုန်လည်း ပြောပြီးပြီ။ ကျွန်တော် ခင်ဗျားကို လာခဲ့ပါလို့ မတောင်းဆိုခဲ့ဖူးဘူး။ ခင်ဗျားဘက်က ကျွန်တော့်ကို ချစ်လှပါချည်ရဲ့ ဆိုလို့ လက်ခံကြည့်တာ။ ဒါကြောင့် အခုလို့ ကျွန်တော့် တစ်သက်မှာ ဘယ်တော့မှ မပေါ်နိုင်တော့တဲံ ချစ်သူကို ထပ်တွေ့ရတာ မနှောက်ယှက်ပါနဲ့တော့။ ကျေးဇူးပြုပြီး အေးအေးဆေးဆေး နေခွင့်ပေးပါ။ ကျွန်တော့်ကို တကယ်ချစ်ရင် ကျွန်တော့်ကို အေးအေေး ဆေးဆေး ပေးနေပါလားဗျာ။"

ကျွန်တော် အသက်ရှုအောင့်သွားသည်။ ဘယ်သူက သူ့အကောင့်မှာ ပြောနေတာလဲ။

"ကျွန်တော့်ကို ချစ်သေးးရဲ့လား လို့ မင်းပဲ မေးခဲ့တာ မဟုတ်ဘူးလား။ တရားဝင်ဖြစ်ဖြစ် တွဲရအောင်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျုပ်အရင် တောင်းဆိုလို့လား။ မင်းကို ဘေးမှာ အဖော်ပြုရုံလေးပဲ နေချင်ခဲ့သူပါ။"

ကျွန်တော် မခံချင်စွာ ပြောလိုက်မိသည်။ ဟုတ်သည်။ ကလေးလေးက အင်မတန်ကိုစကားကို လှည်ါပတ်ပြောတတ်သည်။ ပြောရင်း ကျွန်တော် သတိရလာသည်။ လှည့်ပတ်ပြောတတ်သူက တစ်ယောက်၊ တခါတလေ ကျွန်တော်စကားပြောမိသည့် ကလေးက ချွဲခြင်းမရှိ၊ အေးအေးဆေးဆေး သာမန် ယောကျာ်းလေးလို ပြောတတ်သည်။ ညနက်ပြောသူက ချွဲပစ်ပစ်ပြောတတ်သည်။

ကျွန်တော် အေးစက်သွားသည်။ ကျွန်တော့်ကို ပြောနေသော အကောင့်တွင် လူဘယ်နှစ်ယောက် ရှိနေသလဲ။

ဆက်ရန်

May King

အရိပ်ကလေး ဖြစ်ပါရစေDonde viven las historias. Descúbrelo ahora