Sica"စွာချင်တာမဟုတ်ပါဘူး Fany ကိုအဲ့လိုပြောတာ
Sica မကြိုက်လို့"Fany"ဘာလို့မကြိုက်တာလဲ"လေးနက်သောမျက်ဝန်းများဖြင့်
မေးလိုက်သည်Sica"Sica ရဲ့ချစ်ရတယ့်သူမို့လို့"
Tiffany.....ခဏလောက် မှင်သက်သွားပေမယ့်
"Sica ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ရတဲ့အတွက် Fany
ဝမ်းသာပါတယ်"eyesmile လေးဖြင့်ပြောလိုက်သည်Sica thought"အချစ်ဆုံးသူငယ်ချင်း အဲ့သူငယ်ချင်းဆိုတဲ့
စကားကြီးက Sica ရင်ကိုထိုးနှက်လိုက်သလိုပဲ Sica နဲ့
Fany နဲ့ကြားထဲမှာ ကျော်လို့မရတဲ့ စည်းကိုခြားလိုက်သလို
ပဲ ကြယ်ကိုခူးဆွတ်လို့မရမှန်းသိရက်သားနဲ့ခူးဆွတ်ချင်နေ
တဲ့ငါ့ကိုငါပဲ အပြစ်တင်မိတယ်"Fany"Sica ah ဘာစဉ်းစားနေတာလဲ Fany ပြောတာမ
ကြားဘူးလား"Sica ပြုံး၍"ကြားပါတယ် Sica ကကော Fany ရဲ့ချစ်ရတဲ့သူ
မဟုတ်ဘူးလား"Fany thought"သူမေးလိုက်တဲ့ ချစ်ရတဲ့သူ ဆိုတဲ့စကား
တစ်ခွန်းက ကျွန်မကိုကျွန်မ မလုံမလဲဖြစ်သလိုခံစားရတယ်
သူကဒီတိုင်း သူကကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းလားလို့
မေးလိုက်တဲ့ဟာကို ကျွန်မအဓိပ္ပာယ်တလွဲ ကောက်နေသလို
မပြောတတ်တော့ပါဘူး သေချာတာကတော့ LA မှာ
ကျွန်မနဲ့လက်ထပ်ဖို့သဘောတူထားတဲ့သူရှိနေတယ်ဆိုတာပဲ
ကျွန်မတို့ကမကြာခင်စေ့စပ်ရတော့မှာလေ မိန်းကလေးတွေ
လက်ထပ်ခါနီးဆိုရင် စိတ်တွေတစ်မျိုးဖြစ်တတ်တယ်ဆိုတာ
ဒါကိုပြောတာလားမသိပါဘူး"Fany"Fany တို့တွေ့တာဘယ်လောက်မှမရှိသေးဘူးဆိုပေ
မယ့် Sica က Fany ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါ"ကျွန်မမေးလိုက်တဲ့မေးခွန်း ကျွန်မကိုယ်ကျွန်မမှားသွား တယ်လို့
ခံစားမိတယ် သူဆီကအချစ်ဆုံးသူငယ်ချင်းဆိုတဲ့ စကား
ကိုကြားတိုင်းကျွန်မရင်ထဲအောင့်တက်လာတယ်
ဖြစ်နိုင် အချစ်ဆုံး ဆိုတဲ့ နောက်ကစကားတွေကိုကျွန်မ
မကြားချင်ဘူးကျွန်မစိတ်ထဲကမပါတဲ့စကားလေးကိုသူကြားရုံလောက်
လေးပြောလိုက်သည်"Sica လည်း Fany ရဲ့အချစ်ဆုံး
သူငယ်ချင်းဖြစ်ရတဲ့အတွက် ပျော်ပါတယ်"