Chapter 8-Reason and Hope

772 103 8
                                    

1 years later......
ဘာလိုလိုနဲ့အချိန်ကတစ်နှစ်တောင်ကြာခဲ့ပြီပဲ
ကျွန်မလည်း architect တစ်ယောက်ဖြစ်ပြီ
အခု appa company မှာပဲ အလုပ်ဝင်လုပ်နေတယ်
Director တစ်ယောက်အနေနဲ့ပေါ့

အခုကျွန်မအားလပ်ရက်ရတုန်းသူနဲ့အမှတ်တရတွေဖန်တီးခဲ့
တဲ့ Beijing ကိုထွက်လာခဲ့တယ်

ကျွန်မ Beijing ကိုလာတိုင်း အမြဲတမ်း Flower Power Cafe
ကိုလာဖြစ်တယ် သူနဲ့တွေ့များတွေ့မလားလို့မျှော်လင့်ချက်
နဲ့ပေါ့  လွန်ခဲ့တဲ့ ကိုးလတုန်းကတစ်ခါ ငါးလတုန်းကတစ်ခါ
သုံးလတုန်းကတစ်ခါ အခုနဲ့ဆို လေးခါရှိပြီ ဒါပေမယ့်
သူ့ကိုမတွေ့ပါဘူး ဒီတစ်ခေါက်တော့သူ့ကိုတွေ့ရရင်
ကောင်းမှာပဲလို့မျှော်လင့်မိတယ်

ကျွန်မမမျှော်လင့်သင့်တာကိုမျှော်လင့်မိနေတယ်နဲ့တူတယ်
သူအခုလောက်ဆိုလက်ထပ်ပြီးရောပေါ့ ကလေးတွေတောင်
ရချင်ရနေလောက်တယ်

"ဟူး" Jessica သက်ပြင်းချလိုက်သည်

"ဒီနေ့တော့နင့်ကိုတွေ့ရရင်ကောင်းမှာပဲ Fany"ဆိုင်ရဲ့
အပြင်ကိုကြည့်ရင်းပြောလိုက်သည်

*************
At The Forbidden City
Forbidden City ရဲ့ပန်းခြံတစ်နေရာတွင်

Sica နင်ငါ့ကိုမေ့သွားပြီလား အချိန်တွေသာကုန်ဆုံးသွားပေ
မယ့် ငါတို့နှစ်ယောက်တွေ့ခဲ့တဲ့ဒီပန်းခြံလေးကတော့
အရင်တိုင်းပဲမပြောင်းလဲသွားဘူးနော်
နင်ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား နောက်တစ်ခေါက်ပြန်တွေ့
ဖြစ်ရင်

>>>Flashback<<<
Tiffany တွေ့ပြီး hotel ကိုကျွန်မပြန်လာခဲ့သည်

Hotel ရောက်ရောက်ချင်း daddy ဆီကဖုန်းဝင်လာခဲ့သည်
"Tiffany နင်အခုချက်ချင်း လေယာဉ်လက်မှတ်ဝယ်ပြီး
LA ပြန်လာခဲ့ နင့်အစ်ကို accident ဖြစ်လို့"

"ဟုတ် daddy အခုချက်ချင်းပြန်လာခဲ့ပါမယ်"

Airport မသွားခင် သူတည်းတဲ့ဟိုတယ်ကိုသွားပြီး
စာတစ်စောင်ရေးပြီးပေးခဲ့ပါသေးတယ် ဒါပေမယ့်
သူအဲ့စာကိုရ မယ်လို့ကျွန်မ မထင်ပါဘူး သူသာအဲ့စာ
ကိုရရင် ကျွန်မချိန်းထားတဲ့ဒီနေရာကို လာမှာသေချာတယ်

Love That I Can't ForgetWhere stories live. Discover now