Ep-1

1.4K 100 0
                                    

Teenagers
part-1

ကျနော်တို့ရဲ့ တစ်နေ့တည်းသော
ကျောင်းဖွင့်ရက်တစ်ရက်…

sehun ဆိုသော ကျောင်းသား...
လွယ်အိတ်ကိုဘေးတိုက်လွယ်ကာ
smart အပြည့်နဲ့ အခန်းဆီ လျှောက်လာသည်၊

ဆရာတောင် စာသင်နေပီပဲ
ကျနော်ကဒါတောင်စောသေးတယ်မှတ်တာ

Se-ဆရာဝင်ခွင့်ပြုပါ

Suho - အေးအေး ဝင်

ဆရာ့ကို အရိုအသေး
ပြန်ပေး၍မိမိအတန်းဝင်ထိုင်လိုက်သည်၊

အမ်!? ဟိုကောင်တွေရော

sehun ဘောင်းဘီအိတ်ကပ်ထဲမှ
ဖုန်းကိုထုတ်ကာ တစ်စုံတစ်ယောက်ဆီ
messageပို့သည်

Se>>>မင်းတို့ ဘယ်မှာလဲ

Tiiii
တစ်ဖက်မှ  reply
Yeol>> ကျောင်းတံခါးဝမှာ လာမလား

Se>>လခွမ်းပဲ အားအားယားယား
ငါမှာချိန်မရှိဘူး စာသင်ပျက်တယ်

ဟုတ်တယ်လေ ကိုယ်တွေက
သူ့တို့လိုမှမဟုတ်တာ
သူတို့က စာဆိုရင် နောက်ဆုံးသူတို့နောက်မှာနံရံပဲရှိမယ်

ကျနော်ကတော့ အင်းးးး အတော်ဆုံးမဆိုနိုင်
တောင် တော်တဲ့အထဲပါမယ် ပြောလို့ရတယ်

တခါတလေ စဉ်းစားမိတယ် ဒီကောင်တွေ
ဘလိုအရည်အချင်းနဲ့ Aခန်းဘယ်လို
ရောက်လာလဲလို့🙂

Yeol>>😂😂😂

အံမယ်  အရီလွန်နေတဲ့ emojiနဲ့
ခွေးကောင်တွေ နေပါလေ့စေဦး

ထိုသို့ဖြင့် sehunကြိမ်းမောင်းကာ
စောနက ခုံပုံးထဲထည့်ထားသောလွယ်အိတ်
ကိုပြန်ဆွဲထုတ်လို့ ဆရာအခြေအနေကြည့်လိုက်သည်

ဆရာလစ်ပီဆိုမှ လွယ်အိတ်လေး
အသာပိုက်ပီး ကုန်းကုန်း ကုန်းကုန်းနှင့်😥😥

ကိုယ့်ကို မျက်လုံးပြူးမျက်စံပြူးလိုက်ကြည့်
နေတဲ့ သူတွေကို မချိသွားလေးဖြဲပြလို့
အခန်းနောက်ပေါက်ဆီသို့...

အဖြစ်ကလည်းဆိုးလိုက်တာ
အခုမှ စာသင်ဖို့ကျောင်းစတတ်တယ်
အခုပဲ သူခိုးချောင်း ချောင်းပီ အခန်းထဲက
ပြန်ထွက်လာရတယ်
ဒင်းတို့ကြောင့် 😤😤

TeenagersWhere stories live. Discover now