Ep-22

429 56 12
                                    

Teenager-22

Luhanကျနော့်ကို ထားခဲ့တဲ့ ရက်တွေက
နွေရာသီတွေထက်ပင် ပိုလို့ ရှည်ကြာသည်
ဟုတ်တယ်လေ..
အထက်တန်းကျောင်းသားဘ၀တုန်းက
နွေရာသီကျောင်းပိတ်ရက်ဟာ အလွန်ဆုံးရှိ
3လတည်းရယ်..

ထားပါ ..
တတ်စရာ အထက်တန်းကျောင်းလည်း ပီးသွားပီ..
မထားနိုင်တာကို အခုရှင်းမယ်.....

အချစ်ကျနော့်ကို 7လနီးပါး ထားခဲ့ပီး
ကျောင်းပိတ်ရက်တွေကုန်လို့ မိုးရာသီ​​ပြောင်း၊
ဆောင်းရာသီတောင် ၀င်စပြုလာသည် ၊
uniတွေလည်းဖွင့်တော့မယ် ..
သူ ခုထိကို ပြန်​မ​ပေါ်လာ​သေးဘူး

luhanကို ဘယ်လောက်တောင်လွမ်းနေလဲ
မေးလျှင်
"အခုနေ beijingက luhanလက်ခုတ်
တီးရင်တောင် အလွမ်းနာကျနေသည့်
ကျနော် Seoulက​နေ လှမ်းကြားမည် "
ဟုသာ ကျနော် ဖြေရလှိမ့်မည်၊

အဲ.. အခု ကျနော် လေချွန်လိုက်ရင်တောင်
luhan ပေကျင်းကနေ လှမ်းကြားနိုင်မည်
ထင်​သည်။🙂

အဲ့လောက်ထိ ရူးလွန်းပါသည် ..
ခင်ဗျားတို့စဉ်းစားကြည့်
အခုဆောင်းရာသီ ကြီးမှာတောင်
သူပြန်လာမည့် ရက်ကိုမျှော်ရသည်က
ပူလောင်လွန်းသည် ..

အဖြစ်က သဲကန္တာရ ရဲ့ တစ်ပင်တည်းထီးထီး
ရှိသည့် သစ်ခြောက်ပင်မှာ လည်​ပင်းက​နေ
ကြိုးတွဲလောင်းချိတ်ခံထားရတဲ့
ငွေတာလီဗျိုင်းမကြီး အဖြစ်နဲ့တူနေသည်..

ယ​နေ့လိုမျိုး ၀ရံတာမှာ မေးထောက်ပီး
ငူငူကြီးလုပ်နေတတ်သည်မှာလည်း နေ့ရော ည​ရောပါ

အ​တွေးနဲ့ ​ဆွေး​နေတုန်း မြင်ကွင်းထဲသို့
ကြောင်ကျားကျား ပုံ ရိပ်​တစ်ခုသည်ပေါ်လာသည်၊
ရစ်ဝဲစပြုနေတဲ့ မျက်ရည်စတို့က အ​ငွေ့အဖြစ်
လေထဲ ပါသွားပီးနောက်..
ပြတ်သားကြည်လင်သွားတဲ့ ခုနက ပုံရိပ်...

ဟုတ်ပါတယ် ဒင်းတို့ပါပဲ
...စောစောစီးစီးကျက်​သ​ရေလာယုတ်​​တော့မယ်​ ၊

ဘာလဲဟ နေခင်းကြောင်တောင်ကြီးကို..
မျက်နှာဖုံးတွေနဲ့ ၊
ဒီည Halloween ပါလားလို့ သတိရပီး
ကိုယ့်အတွေးကိုယ် ခေါင်းတညိမ့်ညိမ့်လုပ်လိုက်သည်၊

You've reached the end of published parts.

⏰ Last updated: Sep 02, 2019 ⏰

Add this story to your Library to get notified about new parts!

TeenagersWhere stories live. Discover now